ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ အပတ်စဉ် (၁၄၂) တရားစခန်းကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ ၂၀-ရက် ကြာသပတေးနေ့မှ ၃၀-ရက် တနင်္ဂနွေနေ့ထိ ဖွင့်လှစ်ပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ကပ္ပိယကောင်းတစ်ဦး၏ သာသနာ့ တာဝန်များ သင်တန်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ကပ္ပိယကောင်းတစ်ဦး၏ သာသနာ့ တာဝန်များ သင်တန်းတွင် ရန်ကင်းတောရဆရာတော်မှ ရဟန်းတော်များ ဘုဉ်းပေးခြင်းဆိုင်ရာ          ဘုရားဥပဒေတော်ကိုလည်းကောင်း၊ ၀ိနယ၀ံသပါလအသင်း နာယက ဦးကြည်တင် (ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း)က ဆရာဒကာဆက်ဆံရေး (အပိုင်း-၁)ကိုလည်းကောင်း၊ ၀ိနယ၀ံသပါလအသင်းဥက္ကဋ္ဌ ဒေါက်တာပေါ်မြင့်ဦးက ဆရာဒကာဆက်ဆံရေး (အပိုင်း-၂) ကိုလည်းကောင်း အသီးသီး သင်ကြားပို့ချကြပါသည်။ ထို့နောက် ညပိုင်းတွင် ကပ္ပိယ ဦးကျော်ဝင်း၊ ကပ္ပိယ ဦးညီညီဦးနှင့် ကပ္ပိယဦးနိုင်နိုင်ထွန်းတို့က ကပ္ပိယအတွေ့အကြုံများကို ဆွေးနွေးတင်ပြကြပါသည်။

 

Gapiya Training

ဝိနယ၀ံသပါလ

 

 

 

 

Comments are closed.