ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ကပ္ပိယ ရင်တွင်းစကားသံ

ဆရာမဒေါ်မျိုးမျိုး၏ ရင်တွင်းစကားသံ

တပည့်တော် ရန်ကင်းတောရသို့ မရောက်ခင် သတင်းကြားနေရသဖြင့် အလွန်ပင် ရောက်ဖူးချင် နေပါသည်ဘုရား။ “တိတ်ဆိတ်အေးချမ်းတယ်’’လို့သာ ကြားဖူးခြင်းဖြစ်ပါတယ်ဘုရား။ အမှန်တကယ် တပည့်တော် ကျောင်းရောက်တဲ့အခါမှာ ဝေယျာဝစ္စ ဆောင်ရွက်ကြသော ကပ္ပိယဝေယျာဝစ္စ များစွာကို တွေ့ရပါတယ်ဘုရား။ တပည့်တော်သိထားသည်ထက်ပို၍ပင် မွန်မြတ်သော သူတော်ကောင်း ၀န်းကျင် လေးဆိုတာ သိခဲ့ရပါတယ်ဘုရား။ ဒါကြောင့် တပည့်တော်က “ငါလည်းရန်ကင်းတောရက ဝေယျာဝစ္စ ဆောင်ရွက်တဲ့သူ ဖြစ်ချင်လိုက်တာ’’ဆိုပြီး ရန်ကင်းမှာ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းတက်ခဲ့ပါတယ်၊ ပြီးတော့ အိမ်မပြန်ဘဲ ကျောင်းမှာပဲ ဝေယျာဝစ္စတွေ ဆောင်ရွကနေခဲ့ပါတယ်၊ ကျောင်းမှာလည်း ပျော်သွားခဲ့ ပါတယ်ဘုရား။

ရန်ကင်းက အဆုံးအမတွေကို လိုက်နာမှတ်သားရင်း တပည့်တော် အလုပ်ခွင်ဝင်ခဲ့ပါတယ်၊ အလုပ်ခွင်ရောက်တော့ လူအမျိုးမျိုးနဲ့တွေ့ရပါတယ်ဘုရား။ အဲဒီအခါ တပည့်တော်စိတ်က ရန်ကင်းတောရမှာ နေတုန်းက စိတ်လောက် မဖြူစင်တော့ပါဘူးဘုရား။ ကိုယ့်ကိုယ်ကိုလည်း ပြန်သုံးသပ်ဆင်ခြင်တော့ မဟုတ်သေးဘူး ဆရာတော်တို့ ဆုံးမတဲ့အဆုံးအမတွေနဲ့ ငါမညီတော့ဘူးလို့ သိလိုက်ရပါတယ်ဘုရား။ ကိုယ့်ရဲ့ ကြမ်းတမ်းသွားတဲ့စိတ်ကို ပြန်လည်ဆုံးမရင်း ငါကျောင်းနဲ့ အဆက် အသွယ်ပြတ်လို့မဖြစ်ဘူး အဆက် အသွယ်ပြတ် အဆုံးအမတွေနဲ့ဝေးရင် ဘ၀မှာ အမှားတွေ များသွား လိမ့်မယ်လို့တွေးပြီး ကျောင်းနှင့် အဆက်အသွယ်မပြတ်အောင် နေထိုင်ခဲ့ပါတယ်ဘုရား။

တပည့်တော်မ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ရန်ကင်းတောရမှ ရရှိတဲ့ Advice များမှာ များစွာ အကျိုးသက်ရောက်မှုရှိပါသည်ဘုရား။ ဆရာတော်ဘုရားဆုံးမတဲ့ မိမိ၏လုပ်ရပ်ဟာ အကောင်းဆုံး စိတ်ထားနှင့် အကောင်းဆုံးအရည်အချင်းကိုဖော်ပြနေတာ ဖြစ်ရမယ်ဆိုတဲ့အတိုင်း တပည့်တော် ကြိုးစားပြီး စေတနာပါပါ လုပ်ကိုင်ပါတယ်ဘုရား။ အဲဒီအခါမှာ ကျောင်းအုပ်ဆရာမကြီးက တပည့်တော်မကို “ခ’’စာရင်း သွင်းခိုင်း ပါတယ်ဘုရား။ “ခ’’စာရင်းဆိုတာ ကျောင်းရဲ့အသက်ပဲ၊ အလွဲအမှား ရှိလို့မရဘူးလို့ ဆရာမကြီးကပြောပါတယ်။ တပည့်တော်လည်း ကိုယ့်ကို ယုံကြည်စိတ်ချလို့ ခိုင်းတာပဲဆိုပြီး အကောင်းဆုံး ကြိုးစားရေးပေးခဲ့ပါတယ်ဘုရား။ ဆရာမကြီးက နောက်ဆိုတပည့်တော်ပဲ ရေးခိုင်းတော့တာ ပါပဲဘုရား။

နောက်ပြီး လူတိုင်းနဲ့လည်း အဆင်ပြေအောင် နေထိုင်တတ်သွားပါတယ်ဘုရား။ ဆရာတော် ဆုံးမတဲ့အတိုင်း ရယူလိုသောစိတ်နဲ့ မဆက်ဆံဘဲ၊ ကိုယ်တတ်နိုင်သလောက် ဘာလုပ်ပေးရမလဲဆိုတဲ့ စိတ်နဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်သူနဲ့မျှ မကျေမနပ် စကားများရတယ်ဆိုတာ မရှိပါဘူးဘုရား။ သူတစ်ပါး အကူအညီတောင်းရင်လည်း ကိုယ့်ရဲ့စိတ်ကို ချိုးနှိမ်ထားတတ်လာပါတယ်ဘုရား။

ဆရာတော်ဘုရားရဲ့ အဆုံးအမတွေသာ မရခဲ့ရင် တပည့်တော်စိတ်က မာနတက်ပြီး ငါ့ကို သက်သက် အထက်စီးကကြောတာ ခိုင်းတာဆိုပြီး မကျေမနပ် ဖွယ်ရာတွေသာ ဖြစ်မိနေမှာပါဘုရား။ သို့ဖြစ်ပါ၍ တပည့်တော်တို့၏ ဘ၀လမ်းကြောင်းဖြောင့်ဖြူးအောင် အဆုံးအမတွေ ပေးပါသော ရန်ကင်းတောရမှ ဆရာတော်ဘုရား၊ ဦးဇင်းဘုရားများ၊ ဆရာလေးများနှင့် အဖွားဆရာမကြီးတို့အား ကျေးဇူးအထူးတင်လျက် ခြေစုံခိုက် ဦးတင်အပ်ပါသည်ဘုရား။

ရိုသေစွာဦးတင်အပ်ပါသည်ဘုရား။

ဆရာမဒေါ်မျိုးမျိုး Third Year (Eng);D.T.Ed

 

(၁၃/၁၈) ပညာရေး (မူပြ)

 

ကပ္ပိယရင်တွင်းစကားသံ

 

Comments are closed.