ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

၃။ နွေရာသီယောဂီဟောင်းများတရားစခန်း (Summer Retrete) ကို
မေလ(၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အချိန်ပြည့်ယောဂီ (၁၅)ဦး၊ အချိန်ပိုင်းယောဂီ (၁၅)ဦး လက်ခံမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ကိုအောင်ဟိန်း၏ ရင်တွင်းစကား

ရန်ကင်းတောရသို့ မရောက်ခင်က တပည့်တော်၏ စိတ်သည် ပရမ်းပတာဖြစ်နေမှန်း မသိခဲ့ပါဘုရား။ အလုပ်လုပ်တဲ့အခါမှာလည်း ပြီးစလွယ်လုပ်တတ်ပြီး သူတစ်ပါး အသက်ကို သတ်ရတာလည်း  အရမ်းကို လွယ်ကူခဲ့ပါတယ်ဘုရား။ ဘယ်ကိစ္စမဆို တပည့်တော်ကပဲ အသာစီး ရချင်ခဲ့ပါတယ်ဘုရား။

တပည့်တော် ရန်ကင်းတောရသို့ ဆယ်တန်းစာမေးပွဲဖြေပြီးတော့ ရောက်ရှိခဲ့ပါတယ်ဘုရား။ ရန်ကင်းတောရတွင် ဘုရားတပည့်တော်နေခဲ့စဉ်က အဆုံးအမကောင်းတွေ အများကြီးကို  ကြားနားခဲ့ရ ပါတယ်ဘုရား။ သီလလည်း မကျိုးမပေါက်အောင် နေနိုင်ခဲ့ပါတယ်ဘုရား။ တစ်ခါတလေ တပည့်တော် စဉ်းစားမိပါတယ်အရှင်ဘုရား။ တပည့်တော်သာ ဆရာတော်ဘုရား၊ ဦးဇင်းတို့၏ ဆုံးမသြ၀ါဒတွေကို မကြားနာခဲ့ရဘူးဆိုရင် တပည့်တော်ရဲ့ဘ၀က ဘယ်လောက်ထိ ဆိုးရွားနေမလဲဆိုတာ မတွေးရဲစရာပါဘုရား။

အဆုံးမတွေကို နားထောင်ရုံ မဟုတ်ဘဲ လက်တွေ့ဘ၀ထဲမှာပါ အသုံးချတက်အောင် နေရမယ်လို့ ဆရာတော်ဘုရားမှ တပည့်တော်ကို ဆုံးမပါတယ်ဘုရား။ ရန်ကင်းတောရမှ တပည့်တော်ထွက်လာခဲ့ပြီး လုပ်ငန်းခွင်မှာ အဆင်မပြေမှု များစွာကြုံရလည်း ကိုယ့်ဘက်က သည်းခံရမယ်ဆိုတဲ့ အသိရယ်၊ သူတစ်ပါး အပေါ်ကို မကောင်းတဲ့စိတ် မမွေးမိအောင်ရယ်စတဲ့ ရန်ကင်းတောရမှ ရရှိတဲ့ အဆုံးအမတွေနဲ့ တပည့်တော်ရဲ့ လုပ်ငန်းခွင်ထဲမှာ ယနေ့ထိ အသုံးချပြီး ကျင့်သုံးနေထိုင်နေပါတယ်အရှင်ဘုရား။

ရန်ကင်းတောရမှာ နေရတာဟာ တပည့်တော်ဘ၀အတွက် အများကြီးတန်ဖိုးရှိပြီး  Mind Changing ဖြစ်ခဲ့တာတွေလည်း အများကြီးရှိပါတယ်ဘုရား။ တပည့်တော်ကို အလုပ်တစ်ခု တာဝန်ပေးလိုက်တိုင်း ဦးဇင်းအမြဲမိန့်ကြားလေ့ရှိပါတယ်။ “ဟေ့ရောင် အောင်ဟိန်း ဆရာသမားတွေက ကိုယ့်ကိုယုံကြည်လို့ပေးတဲ့ တာဝန်တစ်ခုကို အကောင်းဆုံးလုပ်ပြီးတော့ နောက်ထပ်ယုံကြည်ပြီးတော့ တာဝန်ပေးချင်လာအောင် လုပ်ရတယ်ကွ” လို့ တပည့်တော်ကိုအမြဲ ဆုံးမပါတယ်ဘုရား။ ဘုရားတပည့်တော် ယနေ့အချိန်ထိ အလုပ် လုပ်တဲ့အခါ “အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံးအရည်အချင်းကို ဖော်ပြနေတာဖြစ်ရမယ်’’ဆိုတဲ့  ဆရာတော်ဘုရားရဲ့ အဆုံးအမကို လိုက်နာနေပါတယ်ဘုရား။ နေရာယူချင်စိတ်နဲ့ မလုပ်ဘဲ တာဝန်ယူချင် စိတ်နဲ့ လုပ်ပါတယ်ဘုရား။ ဒါကြောင့် ဘုရားတပည့်တော် အလုပ်ထဲမှာကော အပြင်မှာပါ အားလုံးနဲ့ အဆင်ပြေလာပြီး ယုံကြည်မှုတွေလည်းရလာပါတယ်ဘုရား။

တပည့်တော်ဦးတင်ပါတယ်ဘုရား

ကိုအောင်ဟိန်း – B.A(History)

Junior Assistant (Co.Operative Co,LTD)

Thin. Gan Gyun Tsp, Yangon

ကပ္ပိယရင်တွင်းစကားသံ

Dhamma Training Center

 

Comments are closed.