ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ကရုဏာစိတ်ထားမယ်

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ကရုဏာစိတ်ထားမယ် Kindness

          လူတွေဟာ ကိုယ့်အကျိုးစီးပွားနဲ့ မိမိဂုဏ်သိက္ခာ မထိပါးသမျှ ကာလပတ်လုံး ပြဿ       နာလို့ မယူ ဆကြပါဘူး၊ သည်းခံစိတ် မေတ္တာစိတ်တွေ ရှိသေးတယ်၊ ကိုယ့်အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာ နည်းနည်း ထိခိုက်လာရင် ပြဿ      နာက နည်းနည်းဖြစ်လာပြီး များများထိခိုက်ရင်တော့ ပြဿ     နာက များများကြီး   ဖြစ်လာပါတယ်။

          ပမာအားဖြင့် အမြဲတမ်း လူတွေ သေနေကြတယ်။ အမြဲတမ်း လူတွေ ဒုက္ခရောက်နေကြတယ်။

အမြဲတမ်းလူတွေ ဆေးရုံတက်နေကြတယ်။ ကိုယ်နဲ့ မသက်ဆိုင်သေးတော့ ဘာမှမဖြစ်ပါဘူး၊ ကြားရ မြင်ရရင်လည်း

          အော်- အဲ – အင်း နှင့်ပဲ ပြီးပါတယ်။ Our problem come from our mind.

          သတိပဋ္ဌာန်ကို စနစ်တကျ လေ့ကျင့်ထားပြီး စိတ်ငြိမ်းအေးတဲ့ တစ်ယောက်ဆိုရင် ကရုဏာဖြစ်စရာ အာရုံကြုံရရင် သနားကြင်နာစိတ် ဖြစ်စမြဲပါ။

          ကိုယ်နှင့် ဆိုင်မဆိုင်ဆိုတဲ့ ရှုဒေါင့်က မကြည့်မိကြပါဘူး။ ဒါကြောင့်လည်း သူတို့စိတ် ပိုပြီး တည်ကြည် ခန့်ငြား ငြိမ်းအေးပါတယ်။

          ဒုက္ခရောက်နေတဲ့ သတ္တ၀ါကို တွေ့လို့မှ ကရုဏာစိတ် မပေါ်ရင် မိမိစိတ်ထား ပြင်ဖို့ တော်တော်ကို လိုသေးပါလားလို့ သိရပါမယ်။

Daily Life

Dhamma Training Center

Comments are closed.