ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ်သုံးရက်
ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၈)ကို ဖွင့်လှစ်ပါမည်။
သင်တန်းကာလ-
၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်သောကြာနေ့မှ ဇန်န၀ါရီလ(၁၃)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲရှိပါ သဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားကန့်သတ်ထားပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ သာသနာပြု လုပ်ငန်းများနှင့် တိုက်ဆိုင်နေပါသဖြင့် အမှတ်စဉ် (၁၄၈) နှစ်ညအိပ် သုံးရက်တရားစခန်းကို ၂၀၁၉ခုနှစ် ဇန်န၀ါရီလ (၁၁) (၁၂) (၁၃)သို့ ပြောင်း၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဂျင်မီ၏ ရင်တွင်းစကားသံ

မောင်ဂျင်မီထွန်း၏ ရင်တွင်းစကားသံ

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

“ကိုယ်လုပ်တဲ့ လုပ်ရပ်က အကောင်းဆုံးစိတ်ထားနှင့် အကောင်းဆုံးအရည်အချင်းကို ဖော်ပြနေတာ ဖြစ်ရမယ်’’ ဆိုတဲ့ အဆုံးမကို မရခင်တုန်းက အလုပ်တစ်ခုကို စိတ်ပါရင်တော့ ကောင်းကောင်းမွန်မွန် လုပ်ပါ တယ်ဘုရား။ စိတ်မပါဘူးဆိုရင်တော့ ဖြစ်သလိုပဲ လုပ်လိုက်ပါတယ်ဘုရား။ စိတ်ထားတွေ အရည်အချင်းတွေက အလုပ်နဲ့ဆိုင်တယ်လို့လဲ မတွေးမိခဲ့ပါဘူးဘုရား။  ဒီအဆုံးအမကို ရပြီးနောက်ပိုင်း မှာတော့ ဒီအဆုံးမဟာ ဘ၀နဲ့တသားတည်းကျလာတယ်လို့ ခံစားရပါတယ်ဘုရား။  နောက်ပိုင်း ကိုယ်လုပ်တဲ့ လုပ်ရပ်တွေပေါ်မှာ ကိုယ်ရဲ့စိတ်ဓါတ်တွေ အရည်အချင်းတွေ ဥာဏ်စွမ်း ရှိသလောက် ကိုယ်စွမ်းရှိသလောက် လေးလေးနက်နက်တွေးပြီး ကြိုးစားတတ်လာပါပြီဘုရား။

“လိုအပ်တာနဲ့ လိုချင်တာ ခွဲခြားတတ်ရမယ်’’ လို့ ဆုံးမမှုကြောင့် အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် လုပ်ချင်လို့ လုပ်နေတာလား၊ လုပ်သင့်လို့လုပ်နေတာလားဆိုတာ အရင်စဉ်းစားမိပါတယ်ဘုရား။ ရန်ကင်းတောရကို ရောက်ပြီးမှ သီလပိုင်းမှာလည်း အထူးသိသာလာပါတယ်ဘုရား။ ခုဆို အိမ်မက်ထဲမှာတောင် ပိုးကောင်လေးတွေ အသက် သတ်မိရင်တောင် စိတ်တွေ ပူနေတယ်ဘုရား။

ဆင်းရဲ့သားတို့ရဲ့ လက်နက်က ရိုးသားခြင်းဆိုတဲ့ ရန်ကင်းတောရဆရာတော်ဘုရားရဲ့ သြ၀ါဒကြောင့်  လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါနဲ့ လုပ်ငန်းဆောင်တာတွေမှာ လူအများရဲ့ယုံကြည်မှု အားကိုမှုနဲ့ မျက်နှာ ပွင့်လန်းခြင်းတို့ကို ရရှိပါတယ်ဘုရား။ လွတ်လပ်ပေါ့ပါးတာကိုလည်း ခံစားရပါတယ်ဘုရား။ နောက်နောင်လည်း ဒီထက် ကောင်းသည်ထက် ကောင်းအောင် ပြုပြင်နေထိုင်သွားပါမယ်ဘုရား။

မောင်ဂျင်မီထွန်း    B.E (E.P)

ရန်ကင်းတောရ ကပ္ပိယ

ကပ္ပိယရင်တွင်းစကားသံ

Dhamma Training Center

 

 

Comments are closed.