ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဆရာတော် အရှင်ခေမာနန္ဒ(ဗြာဟ္မဏ)အား(၂၀၀၂)ခုနှစ်တွင် ရန်ကင်းတောရသို့ပင့်ပါသည်

1
3
ရန်ကင်းတောရကျောင်း (အပိုင်း-၄)

ထို့နောက် အရှင်ခေမာနန္ဒ (ဗြာဟ္မဏ) အား ရန်ကင်းတောရသို့ပင့်နိုင်ရန် လယ်ဝေးမြို့နှင့် ပျဉ်းမနားမြို့တို့မှ ဒါယကာ၊ ဒါယိကာမတို့က သပြေပင် မှန်ကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒထံပါးနှင့် ကျေးဇူးရှင် သက်တော်ရှည် နဘူးကျင်း ရန်ကင်းတောရ ဆရာတော်ထံတော်ပါး တောင်းပန်လျှောက်ထား ကြပါသည်။ ဆရာတော် ဘုရားကြီးနှစ်ပါးတို့မှ အထူးလိုလား နှစ်သက်တော် မူကြပြီး အမြန်ဆုံးပင့်ရန် သြ၀ါဒ ပြုတော်မူပါသည်။ ထို့ကြောင့် ရန်ကုန်မြို့ ရွှေဥမင်ဆရာတော်ဘုရားကြီး ထံတော်ပါး ၀ိပဿနာတရား နည်းခံကာ တရားအားထုတ်တော်မူနေသည့် နဘူးကျင်း ဆရာတော်ဘုရားကြီး၏ တပည့်တစ်ပါးဖြစ်သည့် ဆရာတော် အရှင်ခေမာနန္ဒ (ဗြာဟ္မဏ)အား(၂၀၀၂) ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကင်းတောရကျောင်းသို့ ပင့်ဆောင် ခဲ့ကြပါသည်။
4

No Comments Yet.

Leave a comment