ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

တတိယအကြိမ်မြောက် ကပ္ပိယများ တွေ့ဆုံပွဲ

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန သာသနာပြုလုပ်ငန်းတွင် တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်ကြသည့် ကပ္ပိယများနှင့် ၀ိနယ၀ံသပါလအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တတိယအကြိမ်မြောက် ကပ္ပိယများ တွေ့ဆုံပွဲကို (၁၄.၇.၂၀၁၈)ရက်နေ့တွင် တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် သာသနာပြုလုပ်ငန်း ကပ္ပိယအတွေ့အကြုံများနှင့် သာသနာ့အဆုံးအမများ မိမိတို့ဘ၀ တိုးတက်အောင်မြင်ရေး ဖြစ်စေခြင်းအကြောင်း အရာများ ဆွေးနွေးတင်ပြကြပါသည်။

ကပ္ပိယ ကိုကျော်ဇင်ဟိန်း၏ ရင်တွင်းစကားသံ

တပည့်တော် ရန်ကင်းတောရသို့ စတင် ရောက်ရှိသည်မှ ယခုထိ များစွာ ပြောင်းလဲခဲ့ပါတယ်ဘုရား။ စိတ်ထားရင့်ကျက်မှု၊ သီလကို မြတ်နိုးလာမှု၊ တာဝန်ယူတတ်မှု စတာတွေပါဘုရား။ ပုံမှန်လူငယ်တွေထက် ဘ၀ကို လေးလေးနက်နက် တွေးခေါ်တတ်ပြီး အဓိပ္ပာယ်ရှိရှိ နေတတ်လာပါတယ်ဘုရား။ တစ်နေ့တစ်နေ့ grow old မဖြစ်ဘဲ grow up ဖြစ်အောင် ကြိုးစားနေပါတယ်ဘုရား။ ရဟန်း သံဃာတော်တွေကိုလည်း လေးစားတတ် လာပါတယ်ဘုရား။

လုပ်ငန်းခွင်ထဲမှာလည်း ရန်ကင်းတောရမှရတဲ့ အဆုံးအမ လေ့ကျင့်သင်ကြားမှု တို့ကြောင့် အများနှင့်မတူ ဘဲ အလုပ်ကို စနစ်တကျ အလုပ်အပေါ် တန်ဖိုးလဲ ထားတတ် လာပါတယ်ဘုရား။ အကင်းပါးဖော်ရွေသူ၊ သည်းခံတတ်သူ ဖြစ်နေပါတယ်ဘုရား။ အရက်သေစာ မသောက်စားတတ်သောကြောင့်လည်း အများရဲ့ လေးစားမှုကို ရရှိရပါတယ်ဘုရား။

တရားအားထုတ်နည်း သင်ယူခွင့်ရခဲ့တာလည်း ကံကောင်းလှပါတယ်ဘုရား
နည်းမှန်ကို သိထားရသည့်အတွက် မှားယွင်းတဲ့ စွဲဆောင်မှုတွေ ကိုလည်း ရှောင်ကျဉ် လာနိုင်ပါတယ်ဘုရား။ အလုပ်ထဲ စိတ်ဖိစီးမှု များတဲ့အခါ စိတ်ရှုပ် စိတ်ပူ နေတာကို သတိထားမိနေသည့်အတွက် တည်တည်ငြိမ်ငြိမ်နဲ့ နေထိုင်တတ်လာတဲ့အပြင် အထက် လူကြီး လုပ်ဖော်ကိုင်ဖက်များကိုလည်း အမြဲ အပြုံးနှင့် ဆက်ဆံလာနိုင် ပါတယ်ဘုရား။ မေတ္တာစိတ်နဲ့ နေထိုင်တတ်လာလို့ သူတစ်ပါးအပေါ်မှာ အပြစ်မြင်တဲ့စိတ် နည်းပါးလာပါတယ်ဘုရား။

ကပ္ပိယ ကိုကံကောင်း၏ ရင်တွင်းစကားသံ

ရန်ကင်းတောရ ဆရာတော်ကြီး အဆုံးအမတွေထဲက သြ၀ါဒ ကဗျာလေးတစ်ပုဒ်ပါ။

“ရိုးသားတည်ကြည် ၀ီရိယရှိ၊

စကားနာထောင်တတ်ပါဘိ၊

အလိုက်တသိနေသူသည်၊

ပီယချစ်ဆေးရှိသူတည်း”

ဆိုတဲ့ အဆုံးအမ ကဗျာလေးပါ။ တပည့်တော်ဘ၀အတွက် အလွန် အသုံးဝင်လှပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင် သူတစ်ပါးအပေါ် မလိမ်မညာဘဲ အရိုးသားဆုံး ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့ ရိုးသားမှုအပေါ် တစ်ဖက်သားရဲ့ ယုံကြည်မှုကို ရရှိလာပါတယ်ဘုရား။

အလုပ်အပေါ် ၀ီရိယထားပြီး လုပ်တတ်လာပါတယ်ဘုရား။

ဆိုဆုံးမလွယ်ကူတဲ့ တပည့်အဖြစ် ကျင့်သုံး နေထိုင်နေပါတယ်။

သူ့နေရာနဲ့သူ အလိုက်တသိလုပ်ကိုင် ဆောင်ရွက်ပေးမှုလေးတွေဟာ လူမှုဆက်ဆံရေးမှာ အဆင်ပြေစေပါတယ်။

ဒီ (၄)ချက်က ဘ၀ကို အောင်မြင်စေတဲ့ အဓိကအချက်တွေမို့ လိုက်နာကျင့်သုံးဖို့ ညီ ညီမတွေကိုလည်း တိုက်တွန်း ပြောကြားချင်ပါတယ်။ တပည့်တော်ကိုယ်တိုင်လည်း ကြိုးစား နေထိုင်ပါတယ်ဘုရား။

Comments are closed.