ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၂၅)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်းတော်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

IMG_6707

IMG_6698

IMG_6701
ပြင်ဦးလွင်မြို့နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် တည်တံ့ပြန့်ပွားရေး အဖွဲ့တည်ရာမြို့နယ်ရုံးတွင် ဧပြီလ(၃၀)ရက်စနေနေ့ ညနေ ၃နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ အတွင်းရေးမှူးဆရာတော်၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော်ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ ပဓာနနာယက ရန်ကင်းတောရ ဆရာတော်၊ မိုးညိုဆရာတော်ဘုရား၊ ပါရမီဆရာတော်ဘုရားနှင့် နာယကလူကြီးများ၊ ဥက္ကဌဆရာဦးစံငြိမ်းနှင့် ကော်မတီ ဝင်များ၊ ဆရာဆရာမများစုံလင်စွာတက်ရောက်ကြပါသည်။
အစည်းအဝေးတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ဆရာဆရာမမွမ်းမံ သင်တန်းဖွင့်လှစ်ရေး၊ သင်ကြားနည်းစနစ်ပိုမို ကောင်းမွန်ထိရောက်ရေး၊ ဆရာ/ဆရာမ များ၏ အရည်အသွေး အစဉ်ထက်မြက် ရေး၊မိုးကုတ်မြို့တွင်ကျင်းပမည့် ယဉ်ကျေး လိမ္မာညီလာခံတက်ရောက်ရန်ကိုယ်စားလှယ်ရွေးချယ်ရေးစသည်တို့ကို အကျယ်တ၀င့် ဆွေးနွေးဆုံးဖြတ်ကြပါသည်။

No Comments Yet.

Leave a comment