ဓမ္မကျောင်းတော် လူငယ်အမြင်ဖွင့်သင်တန်း (၂၅/၂၀၁၇)၊ ၁၉၊၃၊၂၀၁၇ နေ့တွင် မဟာဗုဒ္ဓ၀င် သင်ခန်းစာကို ဆရာမဒေါ်ချိုချိုခိုင်က သင်ကြားပေးပါ သည်။
ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ ဆိုဆုံးမလွယ်ခြင်း က ဘ၀ကို တိုးတက်အောင်မြင်စေပါတယ် သင်ခန်းစာကို သင်ကြားပေးပါ သည်။
မွန်းလွဲပိုင်းတွင် သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး ဦးဇင်းစန္ဒိမာ(မိုးကောင်း)မှ လူတို့နှင့်ဆိုင်သော ရဟန်းဝိနည်းများ အကြောင်း တရားကို ဟောကြားတော်မူပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများကို ဒု-ညွှန်ကြား ရေးမှူး(ငြိမ်း) ဒေါ်ရီရီဟန်က အသိမျှဝေပေးပါသည်။
သင်တန်းသူ/သားများက သရုပ်ပြယဉ်ကျေးခြင်း အစီစဉ်တွင် သင်ယူမှု အပေါ်မှ သင်ခန်းစာရရှိမှု တင်ပြခြင်း နှင့် စကားစွမ်းရည်ပြိုင်ပွဲ အစီအစဉ်ကို လျှောက်ထားတင်ပြကြပါသည်။
မြင့်မြတ်တဲ့လူငယ်တို့ဘ၀ကို တည်ဆောက်ခြင်း အကြောင်းကို ဦးဇင်း စန္ဒိမာ(ရန်ကုန်)မှ ဟောကြားတော်မူပါသည်။