မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် ဓမ္မကျောင်းတော်လူငယ်အမြင်ဖွင့် သင်တန်း(၂၆/၂၀၁၇)၊ ၂၂၊၃၊၂၀၁၇ နေ့တွင် ကိုးကွယ်ရာအစမှ ကိုးကွယ်ရာ အစစ်သို့သင်ခန်းစာကို ဆရာမကြီး ဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ် ဆရာမကြီး-ငြိမ်း)မှလည်းကောင်း၊ လူငယ်တို့ သိထားသင့်သည့် ကုသိုလ်နှင့် အကုသိုလ် သင်ခန်းစာကို ဆရာမကြီးဒေါ်ငွေကြည်မှ လည်းကောင်း သင်ကြားပေးပါသည်။
မွန်းလွဲပိုင်းတွင် သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး ဦးဇင်းစန္ဒိမာ(မိုးကောင်း)က ကံကံ၏အကျိုးတရားတော်ကို ဟောကြား တော်မူပါသည်။
သြကာသကန်တော့ချိုး သင်ခန်းစာကို ဆရာမဒေါ်ခင်စန်းမှ သင်ကြားပေး ပြီး ရန်ကင်းတောရကျောင်းမှ ဆရာလေးဒေါ်ဓမ္မဒိန္နာ က မြန်မာ့ယဉ်ကျေးမှု သင်ခန်းစာကို သင်ကြားပေးပါသည်။
ဘ၀အဓိပ္ပါယ်နှင့် ဘ၀အောင်မြင်ရေး တရားတော်ကို ဦးဇင်းစန္ဒိမာ(ရန်ကုန်)မှ ဟောကြားတော်မူပါသည်။
ညပိုင်းတွင် သင်တန်းသူ/သားများက တနေ့တာ သင်ကြားပြီးခဲ့သောဘာ သာရပ်များအပေါ် ဆွေးနွေးခြင်း၊ သင်တန်းသားများ၏ သိလိုသည့် အကြောင်းအရာများကို ဦးဇင်းဘုရားများကမိန့်ကြားပေးခြင်း၊ ဆရာမများက လည်း ရှင်းလင်း ပြောကြားပေးပါသည်။
သင်တန်းသူ/သားများကို သတင်း/ပြန်ကြားရေးအဖွဲ့၊ အချိန်စီမံရေးအဖွဲ့၊ ဝေယျာဝ္စအဖွဲ့၊ လေ့လာသုံးသပ်ရေးအဖွဲ့ ဟူ၍ အဖွဲ့(၄)ဖွဲ့ ခွဲကာ အသင်း လိုက် နေ့စဉ်ဆောင်ရွက်မှုများကို လျှောက်ထား တင်ပြကြပါသည်။