ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်းတော်လူငယ်အမြင်ဖွင့်သင်တန်း (၂၆/၂၀၁၇)

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် ဓမ္မကျောင်းတော်လူငယ်အမြင်ဖွင့် သင်တန်း(၂၆/၂၀၁၇)၊ ၂၃၊၃၊၂၀၁၇ နေ့တွင် ကိုးကွယ်ရာအစစ်မှ ကိုးကွယ်ရာ အမှန်သို့ သင်ခန်းစာနှင့် လူငယ်တို့ မြတ်မြတ်နိုးနိုး စောင့်ထိန်း ရမည့်သီလသင်ခန်းစာကို ဆရာမကြီး ဒေါ်ခင်လင်းမှ လည်းကောင်း သင်ကြားပေးပါ သည်။

Youth 26/2017

Dhamma Training Center

မွန်းလွဲပိုင်းတွင် သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး ဦးဇင်းစန္ဒိမာ(ရန်ကုန်)မှ လူတို့နှင့်ဆိုင်သော

 

 

ရဟန်းဝိနည်းတရား တော်ကို ဟောကြားတော်မူပါသည်။

သာသနာ့ယဉ်ကျေးမှု သင်ခန်းစာကို ဆရာမဒေါ်ချိုချိုခိုင်မှ သင်ကြားပေးပါသည်။

ဂါရ၀ပြုရာထိခြင်း(၅)ဖြာကို ဆရာလေးဒေါ်ကုသလာမှ သရုပ်ပြသင်ကြား ပေးပါသည်။

သာသနာ့သမိုင်း အကြောင်းကို ဦးဇင်းစန္ဒိမာ(ရန်ကုန်)မှ ဟောကြားတော် မူပါသည်။

ညပိုင်းတွင် သင်တန်းသူ/သားများက တနေ့တာ သင်ကြားပြီးခဲ့သောဘာ သာရပ်များအပေါ် ဆွေးနွေးခြင်း၊ သင်တန်းသားများ၏ သိလိုသည့် အကြောင်းအရာများကို ရှင်းလင်းပေးခြင်းနှင့် အသင်းလိုက် နေ့စဉ်ဆောင် ရွက်မှုများကို လျှောက်ထားကြပါသည်။

 

Comments are closed.