နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် လူငယ်အမြင်ဖွင့် သင်တန်း (၁၇၊၃၊၂၀၁၇) နေ့တွင် ကိုးကွယ်ရာအစမှ ကိုးကွယ်ရာအစစ်သို့ သင်ခန်းစာ နှင့် လူငယ်တို့သိထားသင့်သည့် ကုသိုလ်နှင့်အကုသိုလ် သင်ခန်းစာကို ဆရာမကြီး ဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးပါသည်။
မွန်းလွဲပိုင်းတွင် သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး ဦးဇင်းစန္ဒိမာ(မိုးကောင်း)မှ လူတို့နှင့်ဆိုင်သော ရဟန်းဝိနည်းများ သင်ခန်းစာကို သင်ပြဟောကြားတော်မူပါသည်။
သြကာသကန်တော့ချိုး သင်ခန်းစာကို ဆရာမဒေါ်ခင်စန်းမှ သင်ကြားပေး ပါသည်။
ရန်ကင်းတောရကျောင်းမှ ဆရာလေးဒေါ်ဓမ္မဒိန္နာ က မြန်မာ့ယဉ်ကျေးမှု သင်ခန်းစာကို သင်ကြားပေး ပါသည်။
ဘ၀အဓိပ္ပါယ်နှင့် ဘ၀အောင်မြင်ရေး (အပိုင်း-၂) တရားတော်ကို ဦးဇင်းစန္ဒိမာ(ရန်ကုန်)မှ ဟောကြားတော်မူပါသည်။
ညပိုင်းတွင် သင်တန်းသူ/သားများက တနေ့တာ သင်ကြားပြီးခဲ့သောဘာ သာရပ်များအပေါ် ဆွေးနွေးခြင်း၊ သင်တန်းသားများ၏ သိလိုသည့် အကြောင်းအရာများကို ရှင်းလင်းပေးခြင်းနှင့် အသင်းလိုက် နေ့စဉ်ဆောင် ရွက်မှုများကို လျှောက်ထားကြပါသည်။
သင်တန်းသူ/သားများကို သတင်း/ပြန်ကြားရေးအဖွဲ့၊ အချိန်စီမံရေးအဖွဲ့၊ ဝေယျာဝစ္စအဖွဲ့၊ လေ့လာသုံးသပ်ရေးအဖွဲ့ ဟူ၍ အဖွဲ့(၄)ဖွဲ့ ခွဲကာ ဆောင်ရွက် ကြပါသည်။