ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)တွင် နံနက်ပိုင်း၌ ဓမ္မကျောင်းတော် တန်းခွဲသင်ကြားခြင်းနှင့် သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲခြင်း အကြောင်းကို ဆရာမကြီးဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးပါသည်။
ဓမ္မကျောင်းတော် တန်းခွဲအလိုက် သင်ကြားနည်းစနစ် (CCA-၁)သင်ခန်းစာ ကို ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ အသိမျှဝေ ပေးပါသည်။
သံဃာတော်များ၊ သင်တန်းသူ/သားများက သင်ခန်းစာများကို အုပ်စုလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။
မွန်းလွဲပိုင်းတွင် သံဃာတော်များ၊ သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး (CCA-၂)သင်ခန်းစာကို ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ ဆက်လက် အသိမျှဝေပေးပါသည်။
ဓမ္မကျောင်းတော်တွင် ကလေးသူငယ်များအား သာသနာ့ယဉ်ကျေးမှု ဘာသာကို CCA နည်းစနစ်ဖြင့် သင်ကြားခြင်း (ဆရာဒကာဆက်ဆံရေး) ကို ဆရာမ ဒေါ်ခင်မေ၀င်းမှ အသိမျှဝေပေးပါသည်။
ဂါရ၀ပြုရာထိခြင်း(၅)ဖြာ သင်ခန်းစာကို ဆရာလေးဒေါ်ကုသလာမှ သရုပ်ပြ သင်ကြားပေးပါသည်။
သြကာသကန်တော့ချိုး သင်ခန်းစာကို ဆရာမဒေါ်ခင်စန်းမှ အသိမျှဝေပေး ပါသည်။
ညပိုင်းတွင် သရုပ်ပြသင်ကြားခြင်းကို အဖွဲ့လိုက် တင်ပြကြပါသည်။
သင်တန်းကာလအတွင်း တနေ့တာဆောင်ရွက်မှုများကို နေပြည်တော် အသင်း၊ ရန်ကုန်တိုင်းအသင်း၊ မန္တလေးတိုင်းအသင်း၊ စစ်ကိုင်းတိုင်းအသင်း၊ ရခိုင်ပြည်နယ်အသင်းဟူ၍ အသင်း(၅)သင်းဖွဲ့ပြီး သတင်း/ပြန်ကြားရေး၊ အချိန်စီမံရေး၊ သင်ကြား စီစစ်ရေး၊ ဝေယျာဝစ္စ နှင့် လေ့လာသုံးသပ်ရေး ဟူ၍နေ့စဉ်အလှည့်ကျ စီမံဆောင်ရွက်မှုများကို အသင်းလိုက် တင်ပြကြပါသည်။