၃.၁၂.၂၀၁၇ နေ့နံနက်တွင် ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ တန်းခွဲအလိုက် သင်ကြားခြင်းနှင့် သင်ရိုးမာတိကာသင်ကြား နည်းကို အသိမျှဝေပေးပါသည်။
ဓမ္မကျောင်းတော်တွင် ကလေးသူငယ်များအား ယဉ်ကျေးမှုဘာသာကို CCA နည်းစနစ်ဖြင့် သင်ကြားခြင်းကို ဆရာမကြီးဒေါ်ငွေကြည် (ကျောင်းအုပ် ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးပါသည်။
သံဃာတော်များ၊ သင်တန်းသူ/သားများက ယဉ်ကျေးမှုဘာသာ သင်ခန်းစာများကို အုပ်စုလိုက် ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။
မွန်းလွဲပိုင်းတွင် သံဃာတော်များ၊ သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဦးဇင်းစန္ဒိမာမှ ကံကံ၏အကျိုးကို ဟောကြား တော်မူပါသည်။
ဆရာမဒေါ်သန်းတင်(ရမည်းသင်း)မှ ယဉ်ကျေးမှုဘာသာကို CCA နည်းစနစ် ဖြင့် သင်ကြားခြင်း(၂) ကို အသိမျှဝေပေးပါသည်။
ဓမ္မကျောင်းတော်တွင် ကလေးသူငယ်များအား ကဗျာသင်ကြားနည်းကို ဆရာမ ဒေါ်ထွေးညိုမှ သင်ကြားပြသပေးပါသည်။
ညပိုင်းတွင် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော်မှ သင်တန်းသူ/ သားများကို မြင့် မြတ်သူတို့၏ အလုပ် တရားတော် ကို ဟောကြားတော်မူပါ သည်။
နေ့စဉ်အလှည့်ကျ စီမံဆောင်ရွက်မှုများကို နေပြည်တော်အသင်းမှ အချိန်စီမံခြင်း လုပ်ငန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းအသင်းမှ ဝေယျာဝစ္စလုပ်ငန်းကိုလည်းကောင်း၊ မန္တလေးတိုင်းအသင်းမှ သင်ကြားရေးလုပ်ငန်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်း အသင်းမှ လေ့လာဆန်းစစ်လုပ်ငန်းကိုလည်း ကောင်း၊ ရခိုင်ပြည်နယ်အသင်းမှ သတင်းထုတ်ပြန်သည့် လုပ်ငန်းကိုလည်း ကောင်း အသင်းလိုက် တင်ပြကြပါသည်။