၎.၁.၂၀၁၇ နေ့နံနက်တွင် ဒေါ်သီတာညွန့် (ဒု-ညွှန်ကြားရေးမှူး)မှ လိုက်နာရေးမင်္ဂလာတရားတော် (လူတိုင်းကျင့်သုံးသည့်သီလ) သင်ခန်းစာ ကိုလည်းကောင်း၊ သည်းခံရေးမင်္ဂလာတရားတော်နှင့် CCA နည်းပညာ သင်ခန်းစာကို ဆရာမဒေါ်သန်းတင် (ရမည်းသင်း)မှလည်းကောင်း အသိမျှဝေပေးပါသည်။
မွန်းလွဲပိုင်းတွင် သံဃာတော်များ၊ သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဦးဇင်းဦးစန္ဒိမာ (မိုးကောင်း)မှ စက်(၄)ပါးတရားတော်ကို ဟော ကြားတော်မူပါသည်။
စိတ်ထားရေး မင်္ဂလာတရားတော်နှင့် CCA သင်ကြားခြင်းကို ဆရာမဒေါ် ခင်လှ(ရမည်းသင်း)မှ အသိမျှဝေပေးပါသည်။
သင်တန်းသူ/သားများအား အသေ၀နာစ ဗာလနံ မင်္ဂလာတရားတော်ကို ရန်ကင်းတောရမှ ဦးဇင်း စန္ဒိမာ (ရန်ကုန်) မှ ဟောကြားတော်မူပါသည်။
မင်္ဂလာတရားတော်ကို CCA နည်းပညာဖြင့် သင်ကြားမှုနည်းစနစ်ကို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်ကြပါသည်။
မင်္ဂလာတရားတော်ကို CCA ချဉ်းကပ်နည်းပညာဖြင့် သင်ကြားခြင်းကို အုပ်စုလိုက် ဆွေးနွေးကြပါသည်။
အုပ်စု (၁) မှ စိတ်ထားရေးမင်္ဂလာတရားတော်ကိုလည်းကောင်း၊
အုပ်စု (၂) မှ ဆက်ဆံရေးမင်္ဂလာတရားတော်ကိုလည်းကောင်း၊
အုပ်စု (၃) မှ သည်းခံရေးမင်္ဂလာတရားတော်ကိုလည်းကောင်း၊
အုပ်စု (၄) မှ ပညာရေးမင်္ဂလာတရားတော်ကိုလည်းကောင်း၊ အုပ်စုလိုက် တင်ပြကြပါသည်။
နေ့စဉ်အလှည့်ကျ စီမံဆောင်ရွက်မှုများကို နေပြည်တော်အသင်းမှ ဝေယျာဝစ္စလုပ်ငန်းကိုလည်းကောင်း၊ ရန်ကုန်အသင်းမှ သင်ကြားရေး လုပ်ငန်းကိုလည်းကောင်း၊ မန္တလေးအသင်းမှ လေ့လာသုံးသပ်ရေးလုပ်ငန်း ကိုလည်းကောင်း၊ စစ်ကိုင်းအသင်းမှ သတင်း/ပြန်ကြားရေးလုပ်ငန်း ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းမှ အချိန်စီမံရေးလုပ်ငန်းကိုလည်း ကောင်း၊ အသင်းလိုက်တင်ပြကြပါသည်။