၅.၁.၂၀၁၇ နေ့နံနက်တွင် ကိုးကွယ်ရာအစမှကိုးကွယ်ရာအစစ်သို့ သင်ခန်းစာကို ဆရာမကြီးဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများ သင်ခန်းစာကို ဆရာမဒေါ်ခင်မေ၀င်းကလည်း ကောင်း သင်ကြားပေးပါသည်။
မွန်းလွဲပိုင်းတွင် သံဃာတော်များ၊ သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဦးဇင်းဦးစန္ဒိမာ(မိုးကောင်း) မှ မြတ်ဗုဒ္ဓ၏သာသနာ တော်နှင့် မြန်မာနိုင်ငံသမိုင်း အကြောင်းကို ဟောကြားတော်မူပါသည်။
ကမ္ဘာ့ဘာသာကြီးများ သင်ခန်းစာကို ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ အသိမျှဝေပေးပါသည်။
ထေရ၀ါဒသာသနာတော် ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို သံဃာ တော်အပေါင်းနှင့်ဒကာ ပူးပေါင်းဆောင်ရွက်ခြင်း (သာသနာ့သမိုင်း – ၁နှင့်၂) ကို ဦးဇင်းဦးစန္ဒိမာ(ရန်ကုန်)မှ ဟောကြားတော်မူပါသည်။
(၅)ရက်နေ့၏ သင်တန်းတွင်း နေ့စဉ်အလှည့်ကျ စီမံဆောင်ရွက်မှုများကို
နေပြည်တော်အသင်းမှ သင်ကြားရေးလုပ်ငန်းကိုလည်းကောင်း၊
ရန်ကုန်အသင်းမှ လေ့လာသုံးသပ်ရေး လုပ်ငန်းကိုလည်းကောင်း၊
မန္တလေးအသင်းမှ သတင်း/ပြန်ကြားရေး လုပ်ငန်းကိုလည်းကောင်း၊
စစ်ကိုင်းအသင်းမှ အချိန်စီမံရေး လုပ်ငန်းကိုလည်းကောင်း၊
ရခိုင်ပြည်နယ်အသင်းမှ ဝေယျာဝစ္စလုပ်ငန်းကိုလည်းကောင်း၊ အသင်းလိုက်တင်ပြကြပါသည်။