ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)၊ ၆.၁.၂၀၁၇ နေ့နံနက် (၅း၀၀)နာရီတွင် သင်တန်းသူ/ သားများက ရန်ကင်းတောရ၊ အမတဒွါရဓမ္မာရုံ၌ စုပေါင်းတရားထိုင်ကြပါသည်။
ကိုးကွယ်ရာအစစ်မှ ကိုးကွယ်ရာအမှန်သို့ သင်ခန်းစာကို ဆရာမကြီး ဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ လည်းကောင်း၊ ဒုစရိုက်၊ သုစရိုက် သင်ခန်းစာကို ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှလည်းကောင်း အသိမျှဝေပေးပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ ဗဟုသုတများကို ရန်ကင်းတောရကျောင်းမှ ဒု-ညွှန်ကြားရေးမှူး(ငြိမ်း)က အသိမျှဝေပေးပါသည်။
ဆရာမကြီးဒေါ်ငွေကြည် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ ပုညကြိယာ ၀တ္တု(၁၀)ပါး အကြောင်းသင်ခန်းစာကိုလည်းကောင်း၊ မဟာဗုဒ္ဓ၀င်နှင့်CCA သင်ခန်းစာကို ဆရာမဒေါ်ချိုချိုခိုင်မှလည်းကောင်း အသိမျှဝေပေးပါသည်။
နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်ကြပါသည်။
သံဃာတော်များ၊ သင်တန်းသူ/သားများက တတ်မြောက်မှု ဆန်းစစ်လွှာများ ဖြေဆိုကြပါသည်။