ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်နည်းပြ(အထူး)သင်တန်းကို ဖွင့်လှစ်ပို့ချမည်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများကို နေပြည်တော် ယဉ်ကျေးလိမ္မစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ၂၀၁၅ခု မတ်လ(၂၁)ရက်နေ့မှ (၂၅)နေ့အထိတစ်ကြိမ်၊ မတ်လ(၂၇)ရက်နေ့မှ (၃၁)ရက်နေ့အထိတစ်ကြိမ် စသည်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ ဤသင်တန်းကို တက္ကသိုလ်ဝင်တန်းစားမေးပွဲ ဖြေဆိုထားကြသည့် လူငယ်များအတွက် အထူးသင်တန်းဖြစ်ပါသည်။
ဓမ္မကျောင်းတော်၏ အဓိကရည်ရွယ်ချက်ဖြစ်သော ” တိုင်းပြည်အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတက်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်” ဟူသည့်အတိုင်း လူငယ်မောင်မယ်များကို ယဉ်ကျေးလိမ္မာစေရန် ဓမ္မကျောင်းတော်လူငယ်နည်းပြသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေကြခြင်း ဖြစ်ပါသည်။ ဤဓမ္မကျောင်းတော်၏ လူငယ်နည်းပြသင်တန်းကို လာရောက်ကာ တက်စေလိုကြောင်း ဖိတ်ခေါ်လိုက်ရပါသည်ခင်ဗျား။ ထိုသင်တန်းကို တက်ရောက်ကြလိုသူများ လူဦးရေကန့်သတ်ထားပါသည်။
ဆက်သွယ်ရန်-၀၉ ၇၉၇၃၀၃၀၂၁ ၊ ၀၉ ၈၃၀၄၄၄၆ သို့
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No Comments Yet.

Leave a comment