ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

(၁) ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၈)ကို ဇွန်လ (၁၃)ရက်မှ (၂၃)ရက်ထိ ဖွင့်လှစ်ပါမည်။
(၂) ကပ္ပိယများအတွက် ကပ္ပိယကောင်းတစ်ယောက် သင်တန်း ဖွင့်လှစ်ရန်ရှိပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်နည်းပြသင်တန်း အမှတ်စဉ်(၂၀)ကို ဖွင့်လှစ်မည်

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ လူငယ်နည်းပြသင်တန်း အမှတ်စဉ်(၂၀)ကို ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများအတွက်အထူးသင်တန်းအဖြစ် အောက်ပါအစီအစဉ်အတိုင်း (၅)ရက်တိုင်တိုင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် သာသနာတော်ကို ချစ်မြတ်နိုးသော လူငယ်မောင်မယ်များအား ဖိတ်ခေါ်အပ်ပါသည်။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန ။

No Comments Yet.

Leave a comment