ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (၄၄/၂၀၁၆) ကို ရန်ကင်းတောရ ပရိယတ်ပဋ္ဋိပတ်ဌာနတွင် ၂၀၁၆ခု ဒီဇင်ဘာလ ၂၃ ရက်မှစ၍ ဖွင့်လှစ်ခဲ့ပြီး ဆရာ/ဆရာမ (၆၇)ဦးတက်ရောက် ခဲ့ကြပါသည်။
(၂၄)ရက် နံနက်(၇း၀၀)နာရီ အချိန်တွင် ဓမ္မကျောင်းတော်တွင် အသုံးပြု လေ့ရှိသော CCA နည်းစနစ်များအကြောင်းကို ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးခဲ့ပါသည်။
ဓမ္မကျောင်းတော် ဖွင့်လှစ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ အကြောင်းကို ဦးဘစိုးမှ အသိမျှဝေပေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ရန်ကင်းတောရကျောင်းမှ ဦးစန္ဒိမာက သင်တန်းသူ/သား များကို ရှစ်ပါးသီလ ခံယူဆောက်တည်ပေးပြီး ဓမ္မကျောင်း တော်တွင် CCA ချဉ်းကပ်နည်းပညာဖြင့် သာသနာ့ယဉ်ကျေးမှု ဘာသာရပ်ကို ဆရာမကြီး ဒေါ်ငွေကြည် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးခဲ့ပါသည်။
CCA နည်းစနစ်နှင့် မဟာဗုဒ္ဓ၀င် သင်ကြားခြင်းကို ဆရာမဒေါ်ချိုချိုခိုင်က အသိမျှဝေ ပေးခဲ့ပါသည်။
ဓမ္မကျောင်းတော်တွင် CCA ချဉ်းကပ်နည်းပညာဖြင့် ယဉ်ကျေးမှုဘာသာ ရပ်ကို သင်ကြားပေးခြင်းကို ဆရာမဒေါ်ထွေးညိုက အသိမျှဝေသင်ကြားပေး ခဲ့ပါသည်။
ဓမ္မကျောင်းတော်တွင် ဆရာ/ဆရာမများက ကလေးငယ်များကို သင်ကြား ပေးရာ၌ ထိခြင်း(၅)ပါးနှင့်အညီ ရှစ်ခိုးတတ်စေရန် ဂါရ၀ပြုရာထိခြင်း (၅)ဖြာကို ဆရာလေးဒေါ်ကုသလာမှ လက်တွေ့သင်ကြားနည်းဖြင့် အသိမျှ ဝေပေးခဲ့ပါသည်။
ညပိုင်းတွင် သရုပ်ပြသင်ကြားခြင်းနည်းကို အုပ်စု(၆)စု ဖွဲ့၍ သရုပ်ဖော်ပြသ ကြပါသည်။