ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (၄၄/၂၀၁၆)၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ဆရာမဒေါ်ခင်စန်းမှ သြကာသကန်တော့ချိုး သင်္ခန်းစာဖြင့် ပူဇော်အသိမျှဝေပေးပါသည်။
ကိုးကွယ်ရာအစမှ ကိုးကွယ်ရာအစစ်သို့ သင်္ခန်းစာနှင့် ဒုစရိုက်သုစရိုက် တရားသင်္ခန်းစာကို ဆရာမကြီး ဒေါ်ခင်အုံးမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ အသိမျှဝေ ပူဇော်ပေးပါသည်။
မွန်းလွဲပိုင်းတွင် ရန်ကင်းတောရကျောင်းမှ ဦးဇင်းဦးစန္ဒိမာက သင်တန်း သူ/သား များကို ရှစ်ပါးသီလ ခံယူဆောက်တည်ပေးပြီး ကံကံ၏အကျိုး တရားများကို ဟောကြားတော်မူပါသည်။
CCA နည်းစနစ်နှင့် ကဗျာသင်နည်းကို ဆရာမဒေါ်ချိုချိုခိုင်က အသိမျှဝေ ပေးပါသည်။
ရန်ကင်းတောရ ဓမ္မကျောင်းတော်မှ ကျောင်းသား/သူများကို နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမမွမ်းမံသင်တန်း (၄၄/၂၀၁၆)မှ သင်တန်းသား/သူ ဆရာ/ဆရာမ များက အတန်းအဆင့်လိုက် သင်္ခန်းစာများကို လက်တွေ့တန်းပြ သင်ကြား ကြပါသည်။
မူလတန်းအောက်ဆင့် – ဂါရ၀ပြုရာထိခြင်း(၅)ဖြာနှင့် သြကာသကန်တော့ချိုး
မူလတန်းအထက်ဆင့် – မဟာဗုဒ္ဓ၀င် နှင့် မြန်မာ့ယဉ်ကျေးမှု
အလယ်တန်းဆင့် – သရဏဂုံ နှင့် ဒုစရိုက်တရား
(၂၅)ရက်နေ့၊ ညပိုင်းတွင် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်း တော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါ စရိယ ရန်ကင်းတောရဆရာတော်မှ စိတ်ထားပြုပြင်ပြောင်းလဲရေး၊ (ပါရမီ) တရားကို သင်တန်းသား/သူများကို ဟောကြားတော်မူပါသည်။