ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ တွင် ဖွင့်လှစ်မည် ဖြစ်ပါ၍ ကြိုတင် စာရင်းပေးပို့နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ရှင်သာမဏေ အပါး (၄၀) နှင့် သီလရှင် (၂၀) ပါး သာ လက်ခံမည် ဖြစ်ပါသည်။
(ဓမ္မကျောင်းတော် တက်ရောက်နေသော ကျောင်းသား/သူများ ကို ဦးစား ပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၅) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ယောဂီဟောင်းများ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (၄၄/၂၀၁၆)

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (၄၄/၂၀၁၆)၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် ဆရာမကြီးဒေါ်ငွေ ကြည်(ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သောဝစဿ       တာ မင်္ဂလာတရား တော်ကို CCA နည်းပညာဖြင့် သင်ကြားပေးပါသည်။

Training

Dhamma Training Center

အသေ၀နာစဗာလနံ မင်္ဂလာတရားတော်နှင့် လူတိုင်းကျင့်သုံးရမည့်သီလ အကြောင်းကို ရန်ကင်းတောရကျောင်းမှ ဦးဇင်းဦးစန္ဒိမာက ဟောကြား တော်မူပါသည်။

ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (၄၄/၂၀၁၆) သင်တန်းသူ/သားများက ရန်ကင်းတောရကျောင်းဝင်းအတွင်း ဝေယျာဝစ္စကုသိုလ် ပြုလုပ်ကြပါသည်။

Training

Dhamma Training Center

IMG_3427 IMG_3431မင်္ဂလာတရားတော်ကို CCA နည်းပညာဖြင့် သင်ကြားခြင်းအတွက် ခြုံငုံသုံးသပ်ခြင်း ကို ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ အသိ မျှဝေပူဇော်ပေးပါသည်။

IMG_3461မွန်းလွဲ (၂း၅၀)နာရီတွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပါသည်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွါးရေးအဖွဲ့” ဗဟို အတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာ ဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော်မှ သင်တန်းသူ/သားများကို သြ၀ါဒစကားမိန့်ကြားတော်မူပါသည်။

IMG_3464IMG_3463ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း ဌာန၊ သင်တန်းမှူး ယာယီတာဝန်ခံကျောင်းအုပ်(ကျောင်းအုပ်ဆရာမကြီး-ငြိမ်း) ဆရာမကြီးဒေါ်ခင်လင်းမှ ရန်ကင်းတောရဆရာတော်ဘုရားအား သင်တန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် လျှောက်ထားတင်ပြပါသည်။

IMG_3473သင်တန်းသား/သူများ ကိုယ်စား သင်တန်းသူ ဆရာမဒေါ်ချိုမွန်အောင်မှ ကျေးဇူးတင်စကား လျှောက်ထားပါသည်။

IMG_3484သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ် အပ်နှင်းခြင်းနှင့် အလှူရှင်ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပါသည်။

IMG_3486 IMG_3491 IMG_3493” ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ်ရွတ်ဆိုပူဇော်၍ သင်တန်းဆင်းအခမ်း အနားကို ရုပ်သိမ်းပါသည်။

 

Comments are closed.