ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်း တော်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၂၉/၂၀၁၇)

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရကျောင်း၌ ဓမ္မကျောင်း တော်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၂၉/၂၀၁၇) ကို ၂၀၁၇ခု ဇူလိုင်လ(၃)ရက်မှ (၁၀)ရက် ထိ ဖွင့်လှစ်ပါသည်။

သင်တန်းသို့ –

  • ရှမ်းပြည်နယ်၊ ကျောက်မဲမြို့    – (၇) ဦး
  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့         – (၁) ဦး
  • မကွေးတိုင်း၊ နတ်မောက်မြို့    – (၆) ဦး
  • ပဲခူးတိုင်း၊ အုတ်တွင်း နှင့် ရွှေတောင်မြို့ – (၃) ဦး
  • မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ – (၈) ဦး
  • ရန်ကုန်တိုင်း                         – (၂) ဦး
  • နေပြည်တော်၊ လယ်ဝေး နှင့် ဇမ္ဗူသီရိ   – (၁) ဦး

အမျိုးသား(၁၂) ဦး၊ အမျိုးသမီး(၃၂)ဦး၊ စုစုပေါင်း (၄၄)ဦး တက်ရောက် ကြပါသည်။

Comments are closed.