ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၆)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်သောကြာနေ့ညနေမှ (၉)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ သင်တန်းသားစာရင်းကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

နည်းပြဆရာနယ်လှည့်မွမ်းမံသင်တန်းနှင့် ဓမ္မကျောင်းတော်သစ် (၄၀) ဖွင့်ပွဲစီမံကိန်း

DSC_0316နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာနယ်လှည့်မွမ်းမံသင်တန်းများအဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းတွင် လိုက်လံ ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် နည်းပြဆရာနယ်လှည့်မွမ်းမံသင်တန်း အမှတ်စဉ် (၁၃/၂၀၁၅)ကို စက်တင်ဘာလ (၂၅)ရက်နေ့ညနေတွင် ဖွင့်လှစ်ခဲ့ပြီး ဓမ္မကျောင်းတော်သစ် (၄၀)ကျောင်းကို စက်တင်ဘာလ (၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဆက်တိုက် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့သည့် ကျောင်းများမှာ-
၁။ ရွာဦးကျောင်း၊ တပ်ကုန်းရွာ ၂၁။ ရွာဦးကျောင်း၊ ချောက်ကြားရွာ
၂။ ရွာဦးကျောင်း၊ တပ်ကုန်းရွာလေး ၂၂။ သာသနာ့ရောင်ခြည် ရွာဦးကျောင်းတိုက်၊
ညောင်ကုန်းရွာ
၃။ ရွာဦးကျောင်း၊ ပေကံကုန်းရွာ ၂၃။ သာစည်ကျောင်းတိုက်၊ ညောင်ကိုင်းရွာ
၎။ ရွာဦးကျောင်း၊ ယင်းနားကုန်းရွာ ၂၄။ ဓနသိဒ္ဓိကျောင်းတိုက်၊ မြင်သာရွာ
၅။ ရွာဦးကျောင်း၊ ကံသာရွာ ၂၅။ ရွာဦးကျောင်း၊ လယ်ပြင်စုရွာ
၆။ ရွာဦးကျောင်း၊ သီးပင်ရွာ ၂၆။ ရွာဦးကျောင်း၊ အိုင်သာရွာ
၇။ မကြီးကုန်းကြီးရွာ (အရှေ့)ကျောင်း၊ မကြီးကုန်းကြီးရွာ ၂၇။ ရွာဦးကျောင်း၊ တပ်ကုန်း(တောင်)ရွာ
၈။ တံခွန်တိုင်ကျောင်း၊ ပန်းတောအရှေ့ရွာ ၂၈။ ရွာဦးကျောင်း၊ ထန်းရင်းရွာ
၉။ လယ်ပြင်ကျောင်းတိုက်၊ ဆူးတပ်ကြီးရွာ ၂၉။ ထနောင်းဇင်ကျောင်းတိုက်၊ ထနောင်းဇင်ရွာ
၁၀။ ရွာဦးကျောင်း၊ ပုဂံမျှော်ရွာ ၃၀။ ရွာဦးကျောင်း၊ ကနီရွာ
၁၁။ ရွာဦးကျောင်း၊ ခြင်ကိုက်ကုန်းရွာ ၃၁။ ရွာဦးကျောင်း၊ ညောင်ဇင်ရွာ
၁၂။ ရွာဦးကျောင်း၊ ရုံးတိုင်မြောင်ရွာ ၃၂။ ရွာဦးကျောင်း၊ ကွမ်းခြံရွာ၊ မြို့လုလင်အုပ်စု
၁၃။ ဓမ္မသိပ္ပံကျောင်း၊ ပေကုန်းရွာ ၃၃။ ကျောင်းကြီးကျောင်းတိုက်၊ မကြီးကုန်းကြီးရွာ
၁၄။ ရွာဦးကျောင်း၊ သပွတ်ကုန်းရွာ ၃၄။ ရွာဦးကျောင်း၊ ထုံးဖိုရွာ
၁၅။ ရွာဦးကျောင်း၊ စစ်တောကုန်းရွာ ၃၅။ စိတ္တသုခရွာဦးကျောင်း၊ မြေပြင်သာရွာ
၁၆။ ရွာဦးကျောင်း၊ ဂွေ့ကြီးရွာ ၃၆။ သာသနာ့ဝေပုလ္လကျောင်းတိုက်၊
လင်းလည်ကျေးရွာ
၁၇။ ရွာဦးကျောင်း၊ ဖလံတိုင်းရွာ ၃၇။ ရွာဦးကျောင်း၊ ထောက်ရှာတန်းရွာ
၁၈။ မူလတန်းလွန်ကျောင်း၊ ညောင်ငုတ္တိုရွာ ၃၈။ သရက်တောကျောင်း၊ ဒန့်ဒလွန်ပင်ရွာ
၁၉။ ချောင်ရိုးစစ်တောရွာ ၃၉။ ရွှေကျောင်းကုန်းကျောင်း၊ ဒဟတ်ကုန်းရွာ
၂၀။ ရွာဦးကျောင်း၊ ထန်းတပင်ရွာ ၄၀။ ရွာဦးကျောင်း၊ ရွာသစ်(တောင်)ရွာ၊
ဂွေးကုန်းအုပ်စု စသည့်ကျောင်းများတွင် ဓမ္မကျောင်းတော်များ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ။

No Comments Yet.

Leave a comment