ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၈ / ၂၀၁၅ ) ကို အောက်တိုဘာလ (၃) ရက်နေ့မှ (၁၀) ရက်နေ့အထိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။
ဆရာဖြစ်သင်တန်းတက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ်ဝင်တန်းအထက် ပညာအရည်အချင်း ရှိရမည်ဖြစ်ပြီး မိမိ၏ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများ ယူဆောင်လာရပါမည်။ သင်တန်းသား အရေအတွက် ( ၆၀ ) ဦးသာလက်ခံမည်ဖြစ်ပါသဖြင့် စာရင်းကြိုတင်ပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်း – ၀၉ ၇၉၇ ၃၀၃၀ ၂၁ ၊ ၀၉ ၈၃၀ ၄၄၄၆ ၊ ၀၉ ၄၃၀ ၇၅၇ ၀၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ။