ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၈ / ၂၀၁၅ ) ဖွင့်လှစ်

Calendar 2016   (35)

Calendar 2016   (13) a (4)

a (8)

a (17)နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းခန်းမ၌ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၈ / ၂၀၁၅ ) ဖွင့်ပွဲကို အောက်တိုဘာလ (၃) ရက်နေ့ ညနေတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ ဆရာ ဆရာမ ( ၁၈ ) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ ဆရာမ ( ၂ ) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ဆရာ ဆရာမ ( ၉ ) ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ ဆရာ ဆရာမ ( ၁၃ ) ဦးနှင့် ရှမ်းပြည်နယ်မှ ဆရာ ဆရာမ ( ၁၀ ) ဦး စုစုပေါင်း ဆရာ ဆရာမ ( ၅၂ ) ဦး တက်ရောက်လျက် ရှိပါသည်။ သင်တန်းကာလမှာ အောက်တိုဘာ (၃) ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖြစ်ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၌ သင်တန်းစုစုပေါင်း (၁၂၇) ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါသင်တန်းများမှာ နည်းပြဆရာဖြစ်သင်တန်း (၁၈) ကြိမ်၊ မွမ်းမံ သင်တန်း (၂၅) ကြိမ်၊ နယ်လှည့်မွမ်းမံသင်တန်း (၁၃) ကြိမ်၊ ဆရာ ဆရာမ မွမ်းမံသင်တန်း(ရက်တို) (၄၃) ကြိမ်၊ လူငယ်နည်းပြ ဆရာသင်တန်း (၂၁) ကြိမ်နှင့် သင်္ကြန်ရက်တိုသင်တန်း (၇) ကြိမ်တို့ ဖြစ်ပါသည်။ ၄င်းသင်တန်းများမှ ဓမ္မကျောင်းတော်သင် နည်းပြ ဆရာ ဆရာမများ (၁၀၀၅၅) ဦးကို မွေးထုတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

No Comments Yet.

Leave a comment