၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်၊ နေပြည်တော်၊ ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာန၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ ပဉ္စမအကြိမ်မြောက် ယဉ်ကျေး လိမ္မာညီလာခံ(၂၀၁၇)လုပ်ငန်းညှိနှိုင်း၊ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးမှ ဆုံးဖြတ်ချက်အရ ၂၀၁၇ခု၊ ပဉ္စမအကြိမ်မြောက် ယဉ်ကျေးလိမ္မာ ညီလာခံကြီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သာသနာ့ဗိမ္မာန်တော် ကြီး၌ ၂၀၁၇ခု၊ မေလ(၁၃)ရက်မှ(၁၄)ရက်ထိကျင်းပမည်ဖြစ်ပါသည်။
ညီလာခံကြီးသို့ ကိုယ်စားလှယ်ပေါင်း (၁၅၀၀) ဦးတက်ရောက်မည် ဖြစ် ကြောင်း သိရှိရပါသည်။
ညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ (၁၂)ဖွဲ့ ဖွဲ့စီးပြီး ဖြစ်သည့်အပြင် စာတမ်းစိစစ်ရေးကော်မတီတစ်ဖွဲ့ကိုလည်း ယနေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထပ်မံ တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။