စိတ်ထားမြင့်မြတ်၊ ကျင့်ဝတ်လိုက်နာ၊
မောင်မယ်လေးများ၊ မွေးဖွားရန်မျော်၊ ဓမ္မကျောင်းတော်။
ယဉ်ကျေးလိမ္မာနည်းပြဆရာ၊ ဆရာမများ၏ အရည်အချင်းမြှင့်မားနေခြင်းသည် ယဉ်ကျေးလိမ္မာဓမ္မကျောင်းတော် တစ်ခု
အောင်မြင်ခြင်း၏ အရေးအကြီးဆုံး အခန်းကဏ္ဍတစ်ရပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဆရာ၊ဆရာမများ၏ အရည်အချင်းကို
မြှင့်တင် ပေးရန် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ (မဗပ)ကို ဖွဲ့စည်းကာ ယဉ်ကျေး
လိမ္မာစင်တာအသီးသီးမှ တစ်လလျှင် တစ်ကြိမ်ဆိုသလို နည်းပြဆရာဖြစ် (၁၀)ရက်သင်တန်းများကို ဖွင့်လှစ်ပို့ချ လျက်
ရှိပါသည်။
ယခုအခါတွင် ဗဟိုအဖွဲ့(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရ ပရိယတ်၊ ပဋိပတ်ဌာနတွင် ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ
နည်းပြဆရာဖြစ်သင်တန်း (၁၁/၂၀၁၅)ကို ၂၀၁၅ ခု၊ ဇန်နဝါရီလ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။ ထိုသင်တန်းတွင် ဓမ္မကျောင်တော်
ဆရာ၊ဆရာမများ၏ အဓိကအရည်အချင်းဖြစ်သည့်—
၁။ ဓမ္မကျောင်းတော် ခေတ်မှီသင်ကြားနည်းစနစ် (CCA) ကလေးဗဟိုပြုချဉ်းကပ်သင်ကြားနည်း။
၂။ ဗုဒ္ဓဘာသာ ဆိုင်ရာ စာပေဗဟုသုတများ။
၃။ စိတ်ထားပြုပြင်ပြောင်းလဲရေး။
၎။ ဓမ္မကျောင်းတော် စီမံခန့်ခွဲမှု နည်းပညာ စသည်တို့ကို အခန်းကဏ္ဍအလိုက် CCA သင်ကြာနည်းစနစ်ဖြင့် သင်ကြားပို့ချ သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ဓမ္မစာပေသင်ကြားခြင်းကို စိတ်ဝင်စားသော စေတနာရှင်၊ ဂရုဏာရှင် ဆရာ၊ဆရာမများ၊ လူငယ်၊ လူရွယ်များအနေနှင့် ဖုန်း – ၀၉-၄၃၀ ၇၅၇ ၀၄၊ ၀၉ – ၈၃၀ ၄၄၄၆
၀၉- ၇၉၇ ၃၀ ၃၀၂၁၊ Email : office@dhammatrainingcenter.com, candima@dhammatrainingcenter.com သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။