ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၂၅)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၂၈/၂၀၁၇)

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ  ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၂၈/၂၀၁၇)ကို ၂၀၁၇ခု ဇွန်လ (၂) ရက်မှ (၉) ရက်ထိ ဖွင့်လှစ်ပါသည်။

သင်တန်းသား/သူများ  ရောက်ရှိ စာရင်း ပေးသွင်းကြပါသည်။

Training 28/2017

Dhamma Training Center

သင်တန်းသို့

နေပြည်တော်တိုင်းမှ (၂၅)ဦး၊

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ မှ (၁၀)ဦး၊

မကွေးတိုင်း၊ နတ်မောက်မြို့မှ (၈) ဦး

ပဲခူးတိုင်း၊ ကျောက်တံခါး  နှင့် အုတ်တွင်း မြို့မှ (၇) ဦး

စုစုပေါင်း အမျိုးသား(၇)ဦး၊ အမျိုးသမီး(၄၃)ဦး၊ ပေါင်း (၅၀) ဦး တက်ရောက် ကြပါသည်။

သင်တန်းသားများ အကြိုဆန်းစစ်လွှာ ဖြေကြားပါသည်။

သင်တန်းနည်းပြ ဆရာ၊ ဆရာမကြီးများက သင်တန်း မိတ်ဆက်စကား ပြောကြားပါသည်။

 

သင်တန်းသား/သူများက မိတ်ဆက်စကား ပြောကြားပါသည်။

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရကျောင်းမှ ဦးဇင်း ဦးစန္ဒိမာက သင်တန်းအဖွင့် သြ၀ါဒ မြွက်ကြားပါသည်။

Comments are closed.