ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၆)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်သောကြာနေ့ညနေမှ (၉)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ သင်တန်းသားစာရင်းကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၆/၂၀၁၅)ကို ဖွင့်လှစ်ပို့ချပါမည်

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ်(၁၆/၂၀၁၅)ကို သြဂုတ်လ(၁)ရက်နေ့မှ (၈)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
ဆရာဖြစ် သင်တန်းတက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ် ဝင်တန်းအထက် ပညာအရည်အချင်း ရှိရမည်ဖြစ်ပြီး မိမိ၏ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများ ယူဆောင်လာရပါမည်။ သင်တန်းသားအရေအတွက် (၆၀) ဦးသာလက်ခံမည်ဖြစ်ပါ သဖြင့် စာရင်း ကြိုတင်ပေးသွင်း ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်း-၀၉ ၇၉၇ ၃၀၃၀၂၁၊ ၀၉ ၈၃၀ ၄၄၄၆ ။၀၉ ၄၃၀ ၇၅၇၀၄ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ

No Comments Yet.

Leave a comment