နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၇/၂၀၁၅) ကို စက်တင်ဘာလ (၅)ရက်နေ့ မှ (၁၂)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ သာသနာတော် အဆုံးအမများ အနာဂတ်လူငယ်မောင်မယ်များ၏ နှလုံးသားထဲ စွဲမြဲလာစေ သင်တန်းတက်ရောက်လာကြသည့် ဆရာဆရာမတို့အား မြတ်ဗုဒ္ဓ၏ အဆုံးအမများကို (CCA) သင်ကြားနည်းစနစ်ဖြင့် စနစ်တကျ သင်ကြားပို့ချလျက် ရှိပါသည်။
သင်တန်းသား အရေအတွက် (၆၀) ဦးသာ လက်ခံမည်ဖြစ်ပါသဖြင့် စာရင်းကြိုတင်ပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ၀၉ ၇၉၇ ၃၀၃၀ ၂၁ ၊ ၀၉ ၈၃၀ ၄၄၄ ၆ ၊ ၀၉ ၄၃၀ ၇၅၇ ၀၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါသည်။
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ