နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ်(၂၇/၂၀၁၇)(၃)ရက်နေ့ နံနက်ပိုင်းတွင် ဓမ္မကျောင်းတော် တန်းခွဲသင်ကြားခြင်းနှင့် သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲခြင်း အကြောင်းကို ဆရာမကြီးဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးပါသည်။
ဓမ္မကျောင်းတော် ဖွင့်လှစ်ခြင်းနှင့် ရေရှည်တည်တံ့ရေး ဆိုင်ရာဆောင်ရွက် မှုများ အကြောင်းကို မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးအောင်မြင့်မှ အသိမျှဝေပေးပါသည်။
သင်တန်းသူ/သားများမှ ဓမ္မကျောင်းတော်များဖွင့်လှစ်ခြင်း၊ တန်းခွဲသင် ကြားခြင်း၊ ရေရှည်တည်တံ့ရေး ဆိုင်ရာဆောင်ရွက်မှုများအကြောင်းကို အုပ်စု(၄)စု ဖွဲ့၍ ဆွေးနွေးကြပါသည်။
မွန်းလွဲပိုင်းတွင် ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ တန်းခွဲအလိုက် သင်ကြားနည်းစနစ် (CCA-၁) နှင့် (CCA-၂) သင်ခန်းစာကို သင်ကြားပေးပါသည်။
ဓမ္မကျောင်းတော်တွင် ကလေးသူငယ်များအား သာသနာ့ယဉ်ကျေးမှု ဘာ သာကို CCA နည်းစနစ်ဖြင့် သင်ကြားခြင်း (ဆရာဒကာဆက်ဆံရေး) ကို ဆရာမ ဒေါ်ခင်မေ၀င်းမှ အသိမျှဝေပေးပါသည်။
ဂါရ၀ပြုရာထိခြင်း(၅)ဖြာကို ဆရာမဒေါ်ထွေးညိုမှ သရုပ်ပြသင်ကြား ပေးပါသည်။
သင်တန်းသူ/သားများကို ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေကြည်မှ သင်တန်းရေးရာများ မှာကြားပြောဆိုပါသည်။
ညပိုင်းတွင် သင်တန်းသူ/သားများက သရုပ်ပြလေ့ကျင့်ခြင်းကို အဖွဲ့လိုက် တင်ပြကြပြီး အသင်းလိုက်နေ့စဉ်ဆောင်ရွက်မှုများကို ဆက်လက်လျှောက် ထားကြပါသည်။