ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ အပတ်စဉ် (၁၄၂) တရားစခန်းကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ ၁၈-ရက် အင်္ဂါနေ့မှ စတင် ဖွင့်လှစ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၂၇/၂၀၁၇)

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ်(၂၇/၂၀၁၇) (၅)ရက်နေ့ နံနက်ပိုင်းတွင် လိုက်နာရေးမင်္ဂလာတရားတော် (လူတိုင်းကျင့်သုံးသင့်သည့်သီလ) သင်ခန်း စာကို ဒု-ညွှန်ကြားရေးမှူး၊ ဒေါ်သီတာညွန့်မှ လည်းကောင်း၊ သည်းခံရေး မင်္ဂလာတရားတော်နှင့်CCA နည်းပညာသင်ခန်းစာကို ဆရာမဒေါ်သန်းတင် မှ အသိမျှဝေပေးပါသည်။

 

Training 27/2017

Dhamma Training Center

IMG_4826 IMG_4828 IMG_4835မွန်းလွဲပိုင်းတွင် သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး ဦးဇင်းစန္ဒိမာ(မိုးကောင်း)မှ ကံကံ၏အကျိုး တရားတော်ကို ဟောကြား တော်မူပါသည်။

IMG_4846စိတ်ထားရေး မင်္ဂလာတရားတော်နှင့်CCA သင်ကြားခြင်းကို ဆရာမ ဒေါ်ခင်လှ(ရမည်းသင်း) မှ အသိမျှဝေပေးပါသည်။

IMG_4858

သင်တန်းသူ/သားများ ကို ရန်ကင်းတောရ ဓမ္မကျောင်းတော်တွင် တန်းခွဲ အလိုက် တန်းပြသင်ကြားခြင်းကို သင်ကြားကြပါသည်။

IMG_4866 IMG_4871 IMG_4880မင်္ဂလာတရားတော်ကို CCA နည်းပညာဖြင့် သင်ကြားခြင်းကို အုပ်စုလိုက် ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကြပါသည်။

IMG_4898သင်တန်းကာလအတွင်း တနေ့တာဆောင်ရွက်မှုများကို နေပြည်တော် အသင်း၊ ရန်ကုန်တိုင်းအသင်း၊ မန္တလေးတိုင်းအသင်း၊ စစ်ကိုင်းတိုင်းအသင်း၊ ရှမ်းပြည်နယ်အသင်းဟူ၍ အသင်း(၅)သင်းဖွဲ့ပြီး သတင်း/ပြန်ကြားရေး၊ အချိန်စီမံရေး၊ သင်ကြားစီစစ်ရေး၊ ဝေယျာဝစ္စ နှင့် လေ့လာသုံးသပ်ရေးဟူ၍နေ့စဉ်အလှည့်ကျ စီမံဆောင်ရွက်မှုများကို အသင်းလိုက် တင်ပြကြပါသည်။

Comments are closed.