နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ်(၂၇/၂၀၁၇) (၆)ရက်နေ့ နံနက်ပိုင်းတွင် ဆရာမဒေါ်ချိုချိုခိုင်မှ မဟဗုဒ္ဓ၀င်နှင့်CCAသင်ကြားနည်းစနစ် သင်ခန်းစာကို အသိမျှဝေပေးပါသည်။
ကိုးကွယ်ရာအစမှ ကိုးကွယ်ရာအစစ်သို့ သင်ခန်းစာကို ဆရာမကြီး ဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးပါသည်။
မွန်းလွဲပိုင်းတွင် မြတ်ဗုဒ္ဓ၏သာသနာတော်နှင့် မြန်မာနိုင်ငံသမိုင်း အကြောင်း ကို ရန်ကင်းတောရကျောင်းမှ ဦးဇင်းဦးစန္ဒိမာမှ ဟောကြားတော်မူပါသည်။
ဆရာဦးကျော်ညွန့်မှ ကမ္ဘာ့ဘာသာကြီးများ သင်ခန်းစာကို အသိမျှဝေပေး ပါသည်။
ထေရ၀ါဒ သာသနာတော် ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို သံဃာတော် အပေါင်းနှင့် ဒကာပူးပေါင်း ဆောင်ရွက်ခြင်း (သာသနာ့သမိုင်း-၁ နှင့် ၂) ကို ဟောကြားတော်မူပါသည်။