ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဆောင်ရွက်

   မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးပွဲကို ဇွန်လ(၂၂) ရက်နေ့က  ပြင်ဦးလွင်မြို့ အပ္ပမာဒ တောစခန်းရိပ်သာ၌ ကျင်းပခဲ့ပါသည်။
                  အဆိုပါ အစည်းအဝေးပွဲသို့ ဒေါက်တာအရှင်သောပါက၊  သစ္စဝေဒဂူ ဆရာတော်(မန္တလေးမြို့)၊ ရန်ကင်းတောရဆရာတော်  (နေပြည်တော်)၊   ဦးဝိဇယာလင်္ကာရ  (ဓမ္မရံသီ)နှင့်    စာရေးဆရာ ဦးအောင်ကျော်ဆန်း၊   ဗိုလ်ကြီးလှမျိုး  (ဓမ္မရောင်ခြည်)၊   ဓမ္မကျောင်းတော်  နည်းပြဆရာဖြစ်သင်တန်း   ကျောင်းအုပ်ကြီး ဦးမြင့်ဦးနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ပါသည်။
                  အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နှင့် ယဉ်ကျေးလိမ္မာစင်တာ   အတွက် ဖွဲ့စည်းပုံ(မူကြမ်း) ကို  အကြိုညိုနှိုင်း   စဉ်းစားဆုံးဖြတ်ကြ၍ လိုအပ် သည်များကို ပြုပြင်ကြပါသည်။ဤအဖွဲ့ မှ  Online မှ ပညာသင်ကြားလိုသူများ အလွယ်တကူ   လေ့လာ  နိုင်ရန်အတွက်  အင်တာနက်ကို  ကျယ်ကျယ်ပြန့်ပြန့်  အသုံးပြု သွားရန်  ဆုံးဖြတ်ခဲ့ကြပါသည်။
                မြန်မာနိုင်ငံလုံးဆိုင်ရာ  ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့သည်  နိုင်ငံအနှံ့အပြားတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိ သော    ယဉ်ကျေးလိမ္မာသင်တန်းများ  ရေရှည်တည်တံ့ရးအတွက်  ကြိုပမ်း ဆာင်ရွက်  သွားရန်အတွက်လည်းကောင်း၊  ယဉ်ကျေးလိမ္မာ သင်တန်းကျောင်း အသီးသီးမှ ဆရာ၊ဆရာမ များအား   အရည်အချင်းပြည့်မှီသည့်   ဆရာဆရာမများ   ဖြစ်စေရန်အတွက်လည်းကောင်း   ဆောင်ရွက် ကြမည်ဖြစ်ပါသည်။
    

No Comments Yet.

Leave a comment