နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ် သင်တန်း၊ အမှတ်စဉ် (၂၈/၂၀၁၇)၊ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟိုအဖွဲ့ဝင် ဆရာတော်မှ သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။
နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဒု-ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး (ငြိမ်း) ဆရာကြီး ဦးအောင်မြင့်က ဓမ္မကျောင်းတော်ဆိုင်ရာ ဆောင်ရွက် ချက်များကို လျှောက်ထားတင်ပြပါသည်။
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းဌာန၊ သင်တန်းမှူး ယာယီတာဝန်ခံ (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း) ဒေါ်ခင်အုန်းမြင့် က သင်တန်း တစ်ခုလုံးကို ခြုံငုံသုံးသပ် လျှောက်ထားပါသည်။
သင်တန်းသား/သူများကိုယ်စား နတ်မောက်မြို့မှ သင်တန်းသူ ဒေါ်ဝင့်ဝါအေး ကျေးဇူးတင်စကား လျှောက်ထားပါသည်။
သင်တန်းဆင်းလက်မှတ်များ အပ်နှင်းပါသည်။
အမှတ်စဉ် (၂၈/၂၀၁၇) သင်တန်းသူ/သားများက ဓမ္မကျောင်းတော် ကော်မတီအတွက် ၀တ္တုငွေများနှင့် တိုင်ကပ်နာရီ နှစ်လုံး စုပေါင်းလှူဒါန်း ကြပါသည်။
“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနားကို ရုတ်သိမ်းပါသည်။