ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၉)ရက်မှ မတ်လ (၁၀) ရက်နေ့ထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။

(ရှင်သာမဏေများကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၉)ရက်မှ မတ်လ(၁၀)ရက်နေ့ထိ လည်းကောင်း၊ သီလရှင် များကို ဖေဖော်ဝါရီလ (၁၉)ရက်မှ(၂၅)ရက်နေ့ထိ လည်းကောင်း ဖွင့်လှစ်၍ သင်ကြားပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဖေဖော်ဝါရီလ (၁၅) ရက်မှ (၂၅) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၅) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်း အမှတ်စဉ် (၃၂/၂၀၁၇)၊ သင်တန်းဆင်းပွဲ

ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်း အမှတ်စဉ် (၃၂/၂၀၁၇)၊ သင်တန်းဆင်းပွဲ

၁။ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၃၂/၂၀၁၇)၊ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။

၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟို အဖွဲ့ဝင် ဆရာတော်မှ သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။

၃။ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းဌာန၊ သင်တန်းမှူး ယာယီတာဝန်ခံ (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း) ဒေါ်ခင်လင်းက သင်တန်း တစ်ခုလုံးကို ခြုံငုံသုံးသပ် လျှောက်ထားပါသည်။

၎။ သင်တန်းသား/သူများကိုယ်စား သင်တန်းသူ ဒေါ်ခင်မျိုးချစ်က ကျေးဇူး တင်စကား လျှောက်ထားပါသည်။

၅။ သင်တန်းသူ/သားများကို သင်တန်းဆင်းလက်မှတ်များ အပ်နှင်းပါသည်။

Training (32/2017)

Dhamma Training Center

၆။ အမှတ်စဉ် (၃၂/၂၀၁၇) သင်တန်းသူ/သားများက ဓမ္မကျောင်းတော် ကော်မတီအတွက် အပ်စပ်သော န၀ကမ္မ၀တ္တုငွေ စုပေါင်းလှူဒါန်း ကြပါ သည်။

Training (32/2017)

Dhamma Training Center

၇။ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနားကိုရုတ်သိမ်းပါသည်။

Comments are closed.