ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဘဒ္ဒန္တနေမိန္ဒထေရ်ရှင်မြတ်မှ ဆဋ္ဌမမြောက် ရန်ကင်းသာသနာတော်ကို ဆက်လက် ထိန်းသိမ်း စောင်ရှောက်ခြင်း

1

3
ရန်ကင်းတောရကျောင်း (အပိုင်း-၃)

၁၉၉၃ ခုနှစ်လွန်ကာလတွင် ရန်ကင်းတောင်ကို အုပ်ချုပ်မည့်ဆရာတော် ပြတ်လပ်သွားသဖြင့် ဝါးခုတ် ထင်းခုတ်ရုံသာ မကတော့ဘဲ တောထဲမှ သစ်မာပင်များ ခိုးခုတ်ကာ လွှတိုက်ရောင်းခြင်း မီးသွေးဖုတ် ခြင်းတို့ကြောင့် တောင်တော်သည် ကတုံးအတိ ဖြစ်လုခဲ့ပါသည်။ ထိုထိုတာဝန်အရပ်ရပ်သည် ဂေါစရဂါမဖြစ်သော သပြေပင်ရွာကျောင်းမှ မှန်ကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒမထေရ်မြတ်၏ ပခုံးပေါ်ကျလာသောကြောင့် ဆရာတော် ကိုယ်တိုင် ရွာကျောင်းတွင် ၀ါမဆိုတော့ဘဲ ရန်ကင်းတောရကျောင်းတွင် (၁၉၉၄) ခုနှစ်မှသည် (၂၀၀၁)ခုနှစ်ထိ (၇)နှစ်တိုင်တိုင် သီတင်းသုံးတော် မူကာ တောရကျောင်းကို စောင့်ရှောက် ပေးတော်မူခဲ့ပါသည်။ သပြေပင် မှန်ကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒသည် ဆဋ္ဌမမြောက်ရန်ကင်းဆရာတော် ဖြစ်ပါသည်။
2

No Comments Yet.

Leave a comment