ယဉ်ကျေးမှုသင်ခန်းစာကို CCA ဖြင့် သင်ကြားနည်းများဖော်ထုတ်ခြင်း
အုပ်စု (A)မှ သင်တန်းသား ဆရာမ ဒေါ်ဇာဇာစိုး.ရဲ့သင်ကြားနည်းဖော်ထုတ်ရာတွင် ………………………
ယဉ်ကျေးခြင်းစာအုပ်ထဲက ကဗျာတစ်ပုဒ်ဖြစ်သည့်…. လူသားဆိုတာမှားတတ်တာ၊ အမှားမကင်းပါ၊ သူရောကိုယ်ပါမှားတတ်တော့၊ ခွင့်လွှတ်နိုင်အောင်ကြိုးစားပေါ့၊ ခွင့်မလွှတ်တော့ ကြာလေလေ။ အမုန်းစိတ်တွေကြီးထွားလေ။ ကြီးထွားလာလို့ ပေါက်ကွဲတော့၊ ဒုက္ခတွေ့ပြီပေါ့။ ဒုက္ခတွေ့တော့ ဘယ်သူနာ၊ သူရောကိုယ်ပါနာ။ နစ်နာတာဟာ ဘာကြောင့်လဲ၊ခွင့်မလွှတ်နိုင်လို့ဘဲ.
အစရှိသည့် ကဗျာများနှင့် ပြောပြပြီး လူငယ်များအား လွှင့်လွှတ်နိုင်စွမ်းရှိအောင်၊ ခွင့်လွှတ်တတ်တဲ့ မြင့်မြတ်သည့် စိတ်ထား၊ အလေ့အကျင့်ကောင်းရှိမှ ကြီးလာတဲ့အခါ လူ့လောကထဲ အဆင်ပြေပြေ နေတတ်သွားမှာဖြစ်တယ် ဆိုတာကို CCA သင်ကြားနည်းဖြစ်တဲ့ အတိုင်း ကလေးငယ်များအား ကိုယ်တိုင်ပါဝင်စေကာ လူငယ်များရဲ့ အတွေ့အကြုံများကို ပြန်လည်ပြောပြ စေခြင်း၊ ဆရာ၊ ဆရာမများမှ ဖြေရှင်းပုံဖြေရှင်းနည်းများပြောပြစေခြင်း၊ အစရှိသဖြင့် ကလေးငယ်များအား ပျော်ပျော်ရွှင်ရွှင်သင်ကြားပေးသွားမည်ဖြစ်ကြောင် ဆွေးနွေးပြောကြားသွားပါသည်။
ဒါ့အပြင် နောက်ထပ်ခေါင်းစဉ်တစ်ခုဖြစ်တဲ့ အထွေထွေယဉ်ကျေးခြင်းကို တော့ လူကြီးမိဘများနှင့် ဆရာ၊ ဆရာမများက ယုံယုံကြည်ကြည်နှင့် ခိုင်းထားသော အလုပ်ကို လူငယ်များမှ မညဉ်းမညူ ဆောင်ရွက်ပေးရန်နှင့် ငြင်းဆိုပါက လူကြီးများမုန်းကြောင်း ကိုဆွေးနွေးရာ ပုံပြင်သာဓကများ၊ လက်တွေ့ဖြစ်ခဲ့ဖူးသော အတွေ့အကြုံများနှင့် အတူ သင်ကြားပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားပါသည်။
အုပ်စု(B) မှ ဆရာလေး ဒေါ် ဓမ္မဝတီရဲ့ ဆွေးနွေး တင်ပြချက်များမှာ
အဆိုပါ အုပ်စုရဲ့ ဆွေးနွေးချက်များမှာ….
သင့်ရာနေရာတွင်နေရာခြင်းနှင့် မနေသင်တဲ့နေရာအကြောင်းကို လူကြီးမိဘများအချင်းချင်း စကားပြောတိုင်ပင်နေသည့် နေရာကို မခေါ်ဘဲသွားပါက ရိုင်းစိုင်းရုံမျှမကဘဲ လူကြီးမိဘများရဲ့ ဆူပူမှုများကို ခံရနိုင်ကြောင်းကို ကိုယ်တွေ့ဥပမာများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။ ကဗျာများကိုလည်း လူငယ်များနှင့် အတူ ဝိုင်းဝန်းအော်ဆို၍ လူငယ်များအား ပျော်ရွှင်မှု အပြည့်ရစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားသွား ပါသည်။
အိပ်ယာထစဉ်ယဉ်ကျေးခြင်းကို ဆွေးနွေးရာမှာ……..
ကလေးငယ်များအား အမေးအဖြေ ကဏ္ဍနှင့်အတူ မေးခွန်းများမေးခြင်း၊ သင်ထောက်ကူဖြစ်တဲ့ ရုပ်ပုံများကို အသုံးပြု၍ အကောင်းအဆိုးခွဲခြားပြပြီး သင်ကြားသွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားပါသည်။
အိပ်ယာထစဉ် မိမိရဲ့ အိပ်ယာများကို သေသေသပ်သပ်သိမ်းဆည်းရန်နှင့် သေသေသပ်သပ်မသိမ်း ပါက မိမိရဲ့ အိပ်ယာဟာ အများအမြင်မှာ မတင့်တယ်တဲ့အတွက် လူအများရဲ့ ရွံရှာမှုကို ခံရမည်ဖြစ်ကြောင်း၊ ဒိထက်မက ဆိုးပါက မိမိအိပ်ယာဟာ ကြမ်းပိုးများရောက်လာ၍ အိပ်ရေးပျက်မည်ဖြစ်ကြောင်းကို ဆွေးနွေးသွားခဲ့ပါသည်။ သပ်သပ်ရပ်ရပ်နေနိုင်ပါက စိတ်ကြည်လင်ပြီး ပျော်ရွှင်တဲ့ အရာသာကို ခံစားရမည်ဖြစ်ကြောင်း ဆွေးနွေးသွားပါသည်။
xထို့နောက် ကျောင်း၌ ယဉ်ကျေးခြင်း ဆိုတဲ့ခေါင်းစဉ်အား ဆွေးနွေးရာမှာ……..
ကျောင်းသားများ ကျောင်းနောက်ကျခြင်းသည် ယဉ်ကျေးမှုမရှိကြောင်းကို ပြောကြားရာမှာ လာမူကြိုဆီးဆိုတဲ့ တပည့် ကျင့်ဝတ်တစ်ခုဖောက်ဖျက်ကြောင်းပြောပြမည်ဖြစ်ပါသည်။
ထို့နောက်သင်တန်းသားတွေထဲမှ ဆရာတစ်ဦးက အုပ်စုတစ်ခုရဲ့ ကိုယ်စား…. ကျောင်းသားများ ကျောင်းနောက်ကျရခြင်းဟာ အကြောင်း တစ်ခုခုရှိလို့ နောက်ကျရခြင်းများလည်း ရှိပါတယ်။ ဒါ့ကြောင့်မို့ ကျန်တော်တို့ ဆရာတွေအနေနဲ့ ကျောင်းနောက်ကျတဲ့ အကြောင်းကို သေချာစွာမေးပြီး
မှ ဆိုဆုံးမသင့်ကြောင်း။ အကြောင်းမှာ တစ်ချို့ကျောင်းသားများက မိဘများရဲ့ သူတို့မှာ အခတ်အခဲရှိလို့ နောက်ကျခြင်းလည်းဖြစ်နိုင်ပါသည်။ ဒါ့ကြောင့် ကျန်တော်တို့ကလည်း ကူညီသင့်တာ ကူညီပေးရမည်ဖြစ်ကြောင်း ပြန်လည်တင်ပြသွားခဲ့ပါသည်။