ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၃၉) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၀) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ယဉ်ကျေးလိမ္မာလူငယ်နည်းပြသင်တန်းဖွင့်လှစ်မည်

  သင်တန်းဆင်းပွဲ         အခြေခံပညာကျောင်းများ၌ တန်းပြဆင်းနေသော TTC ကျောင်းသားကျောင်းသားကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာလူငယ်နည်းပြသင်တန်းကို ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန နေပြည်တော် လယ်ဝေးမြို့နယ်ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုနည်းပြဆရာဖြစ်သင်တန်းဌာန မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့မှ(၂၇- ၁၀-၂၀၁၄) ရက်မှစ၍  (၃၁-၁၀-၂၀၁၄) အထိ (၅)ရက်သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၀၉-၄၃၀၇၅၇၀၄/ ၀၉-၈၃၀၄၄၄၆

မှတ်ချက်။ ။စိတ်ပါဝင်စားသော လူငယ်များလည်းတက်ရောက်နိုင်ပါသည်။

No Comments Yet.

Leave a comment