ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၃၉) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၀) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ယနေ့ IT ခေတ်၏ ပြောင်းလဲလာမှုနှင့် ကလေးငယ်များအားနှိုင်းယှဉ်ခြင်း

Dhamma School

ီ့ဓမ္မကျောင်းတော်

ရှေးရှေးအခါကာလမှသည် ယနေ့တိုင် ပညာသင်ကြားလိုသူက သင်ကြားပေးနိုင်မည့် ဆရာထံပါးချဉ်းကပ်ကာ သင်ယူကြရပါသည်။ ဒိသာပါမောက္ခ ဆရာကြီးများရှိရာသို့ မင်းညီမင်းသားများ ပုဏ္ဏားပညာရှိတို့၏ သားများ ပညာသင်ရန်သွားကြကြောင်းနှင့် ဆရာကြီး သည် တပည့်များကို  အဌာရသ ဖယ့်ရှစ်ရပ်သောပညာရပ် သင်ကြားပေးကြောင်း ဗုဒ္ဓဝင်များတွင် ဖတ်ရှုရပါသည်။   ရှေးဂရိနှင့်   ရောမ  ခေတ်တွင်လည်း အသိပညာ ရှားမှီး လိုသူများသည် ပညာရှင်များဟောပြော   ဆွေးနွေးကြမည့် လူစည်ကားရာ ဈေးကဲ့သို့သော နေရာများ၌ သွားရောက်ကာ ပညာသင်ကြားရကြောင်း ဖတ်ရှုရပါသည်။ ထို့ကြောင့် ပညာလိုလား သူတို့သည် ရှေးရှေးအစဉ်အလာအတိုင်း ဆရာရှိရာသို့ သွားရောက်ကာ ပညာသင် ကြားရကြောင်းကို မိမိတို့၏ ဘဝအတွေ့အကြုံများ အရလည်း သိရှိထားကြပြီးဖြစ် ပါသည်။

          Dhamma School သို့သော်  ယနေ့ကာလ၌မူ  အစဉ်အလာအတိုင်း  ပညာ သင်ကြားရခြင်းမဟုတ်ဘဲ   ခေတ်စနစ်အရ  နည်းပညာ တိုးတက်   ပြောင်းလဲလာ  ခြင်းကြောင့် Online Education   ခေတ်ရောက် လာပေပြီ။    အမိ မြန်မာမြေမှ   ကျောင်းသားလူငယ်  များအတွက် တိုင်းပြည် ဆင်းရဲသောကြောင့်  မိမိတို့နှင့် အလှမ်းဝေးလှပါပကော  ဟု အားငယ်ညည်းညူရန် လို တော့မည် မဟုတ်ပါ။ မကြာတော့   သော  ကာလတိုအတွင်း၌ မြန်မာလူငယ် အများစု သည် Online ပညာရေးဖြင့် ဧကန်မုချ ပညာသင် ကြားရတော့မည်။ ယနေ့လူငယ်များသည် အင်တာနက်ကို အသုံးပြုနေပါ သော်လည်း ရည်ရွယ်ချက် မှန်မှန်ကန်ကန် အသုံးပြုသည့် ဦးရေ နည်းပါး  နည်းပါးနေသေးသည်  ဟုထင်ပါသည်။ အကြောင်းမှာ  အင်တာနက်ကို မှန်မှန်ကန်ကန်  အသုံးပြုရန် ပညာပေးမှု အပိုင်း၌ အားနည်းခြင်း၊ အသုံးချမှုနှင့် အားပေး အားမြှောက်မှု အပိုင်းတွင်လည်း အားနည်းနေသေးသောကြောင့် ဖြစ်ပေလိမ့်မည်။ Online  ပညာရေး ဟူသည်  စာသင်ခန်းကို သွားရခြင်း၊  ဆရာ့ထံပါးသွားရခြင်း၊  ကျောင်းတက်ချိန်  သီးခြား ပးရခြင်း   မေရှိတော့ဘဲ မိမိလေ့လာသင်ကြားလိုသည့်  Website  ရှိရာသို့သာ ဝင်ရောက်လေ့လာ  သင်ယူရခြင်းဖြစ်ပါသည်။  မေးမြန်စုံစမ်း ရခြင်းဖြစ် ပါသည်။ လိုအပ်လျှင် စာမေးပွဲများကို ဝင်ရောက် ဖြေဆိုရခြင်းဖြစ်ပါသည်။

             ယနေ့ မြန်မာနိုင်ငံနှင့် ဆီလျှော်သည့် ဥပမာပြရပါသော် မြန်မာနိုင်ငံရှိ မထင်ရှားလှသည့်မြို့၏ အစိန်၌ ဖွင့်လှစ်ထားသည့်Dhamma School အင်တာနက်ဆိုင်တစ်ဆိုင်မှ  လိုရာ  Website ထဲဝင်ကာ  ကာလတန်ကြေးမြင့်မားပြီးရှားပါးလှ သည့်   မြန်မာစာအုပ် တစ်အုပ် ကို  စာအုပ်ဆိုင်လည်းမသွားရ၊ စာအုပ်တန်ဖိုးလည်း မပေးခြေရဘဲ တစ်ခဏအတွင်းပိုင်ဆိုင်နိုင်မည်။

            စာပို့သမားကို စောင့်မျှော်နေရန်မလိုဘဲ ကမ္ဘာ့တစ်ခြမ်းမှ အခြား တစ်ခြမ်းကို   စာများဓါတ်ပုံ  များကို ပေးပို့နိုင်၊ ရယူနိုင်ပါသည်။   တီဗွီ၊  ရေဒီယို  သတင်း လွှင့်ချန်ကို   စောင့်ဆိုင်းကာ   သတင်း နားထောင်ရန်  မလိုအပ်တော့ဘဲ  မိမိအားလပ်ချိန်၌  သက်ဆိုင်ရာ  Website   ဝင်ကာကြည့် ရှုနားထောင် နိုင်ပါသည်။ ထို့ကြောင့် သတင်းစာကို စားပွဲပေါ်တွင် အထပ်လိုက်တင်ကာ စုဆောင်းရန် မလိုတော့ဘဲ ကြည့်လို သည့်အချိုန်၊ ရည်ညွှန်းကိုးကားလိုသည့် အချိန်တိုင်း Website ထဲဝင်ကြည့်နိုင်ပါသည်။

            Smart Phone သို့မဟုတ် Tablet တွင် စာအုပ်စာတမ်း မှတ်စုမှတ်ရာ အမြောက်အများကို ကလေးမပင် မထုပ်မပိုးရဘဲ မိမိသွားလိုရာ သယ်ယူနိုင်ပါသည်။

            ယနေ့ကမ္ဘာသုံး အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမည် ဆိုလျှင်မူ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံရှိ နာမည်ကျော်ကြား Dhamma Schoolသည့် တက္ကသိုလ်မှ ပါမောက္ခကြီး တစ်ဦး၏ သင်ကြားပို့ချချက်ကိုပင် ကြည့်ရှု့နားထောင်ကာ   လေ့လာ   နေနိုင်ပါသည်ဟူသော ဘုန်ဘုန်၏စကားသည် ယုံတမ်းစကား မဟုတ်တော့ပါ။

            သို့သော မြန်မာနိုင်ငံ လူငယ်ထု အားလုံးကို ကိုယ်စားမပြုပါဟု ငြင်းချက်ထုတ်ကောင်း ထုတ်နိုင်မည် ဖြစ်ပါသော်လည်း အင်တာနက်ဆိုင်၌ အလုပ်ရှုပ်နေကြသည့်   နိုင်ငံအနှံ့အပြားမှ   မောင်မယ်များကို မူ သေသေချာချာ ကိုယ်စားပြုပါသည်။ အင်တာနက်အသုံးပြုနိုင်သော် Smart Phone ကို ဆောင်ထားသည့် လူငယ်မောင်မယ်တို့ကို လည်းကိုယ်စားပြုပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် မကြာတော့သော အနာဂတ်၌ စာသင်ခန်းမရှိ၊ ကျောင်းတက်ချန်လည်း မရှိတော့သည့် Online ပညာရေးခေတ်သည် တားဆီးမရတော့သော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပေတော့မည်။

            အကြောင်းအရာတိုင်းအတွက် အကျိုးတရားဟူသည် ရှိစမြဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်၌ ပြောင်းလဲလာမည့် Dhamma Schoolပညာရေးအတွက်လည်း  အကောင်းအဆိုးအကျိုးတရားဟူသည် မုချမသွေရှိ လာရ   ပေတော့မည်။ နည်းပညာပြောင်းလဲလာမှု ကြောင့် အာစရိယ ဆရာသခင်၏ ဆုံးမ သွန်သင်မှုအောက် ကြီးပြင်းခွင့် မရရှိတော့ မည့် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်ကို မဆိုထားဘိ၊ ယနေ့လူငယ်တို့၏ မနက်ဖြန် အရေးပင် ရင်လေးဖွယ်ဖြစ်နေ ပါတော့သည်။

            ရုပ်ရှင်ဇာတ်ကားတို့၏ ဇာတ်ဝင်ခန်းများ၌ သရုပ်ဆောင်များက အရက်သောက်ပြနေ ၍လော  မသိ၊  ကိုးရီးယား  ဇာတ်ဝင်ခန်းကြောင့်လော  မသိ၊  တက္ကသိုလ်များ၏ ပုဂ္ဂလိက အဆောင်တို့၌ စည်းကမ်းထိန်းသိမ်းမှု ညံ့ဖျင်း၍ ပေလောမသိ ဗုဒ္ဓဘာသာဝင် အမျိုးသမီး ငယ်များ အရက်သောက်သည့်  နှုန်းထားမှာမူ  ကြောက်ခမန်းလိလိ  တက်လျက်ရှိကြောင်း  ကြားသိနေရပါ  တော့သည်။ အကြောင်း တစ်ခုတည်း မဟုတ်တန်ကောင်းပေ။ အကြောင်းစုံ၍သာ ဤမျှခရီးရောက်လာခြင်းဖြစ်ပေလိမ့်မည်။

            ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း၌ အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ်ရှိ မူလတန်းကျောင်းမှ ကျောင်းဆရာမတစ်ဦး၏ သားသည် သူ၏မေမေဆရာမကို အိမ်၌ သေနက်ဖြင့် ပစ်သတ်ခဲ့ပါသည်။ ထို့နောက် မေမေဆရာမ၏ ကျောင်းကို ရုတ်တရက် ရောက်ရှိလာကာ စာသင်ကြားနေကြသည့် အသက်(၅)နှစ်မှ (၁၀)နှစ်အရွယ် အပြစ်မဲ့ကလေးငယ်များကို သေနက်ဖြင့် ဆွဲမွေ့ပစ်ခဲ့သဖြင့် ကျောင်းသူ ကျောင်းသားငယ်များနှင့် ဆရာ ဆရာမ စုစုပေါင်း (၂၆)ဦး သေဆုံးခဲ့ပါသည်။ သေနတ်သမား လူငယ်သည် ဤသို့ အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့ပြီးနောက် သူ့ကို သူ သေနတ်ဖြင့် အဆုံးစီရင်သွားသည့် မိုက်မဲရမ်းကားမှုတစ်ခုကြောင့် ကမ္ဘာ့ပြည်သူအများ တုန်လှုပ်ခြောက်ခြားခဲ့ရပါသည်။

            မြန်မာနိုင်ငံတွင်လည်း လူငယ်များ ရာဇဝတ်မှုခင်းများ၌ ပါဝင်ပတ်သက်မှု တစ်နှစ်ထက်တစ်နှစ်ပို၍ တိုးလာနေသည်ဟီုDhamma Schoolသိရပါသည်။ ဤတွင် အထူးသတိပြုစရာ   ကောင်းသည့် အချက်မှာ လူ့ဘုံ အလယ်စားသောက် ဆိုင်များ၊ လမ်းလယ်ကောင်များတွင်ပင် ဗုဒ္ဓဘာသာဝင်လူငယ်များ   သောက်စားမူးယစ်ကာ မကြားဝံ့မနာသာ ဆဲဆိုယမ်းကားရုံမျှဖြင့် မပြီးတော့ဘဲ လူ့အသက်တစ်ချောင်းကို ပင် လူအုပ် စုဖြင့်   သွေးအေးအေး လွယ်လွယ်ကူကူ သက်နေကြကြောင်း စိတ်မချမ်း မြေ့ဖွယ်ရာများစွာကို ကြားနေရပါသည်။ ဤကဲ့သို့ လက်ရဲ ဇက်ရဲ ဖြစ်လာရန်လည်း အကြောင်းတရား တစ်ခုတည်း မဟုတ်တန်ကောင်းပေ။

              ယနေ့ကမ္ဘာပေါ်တွင် ရုပ်ဝတ္ထုပစ္စည်းတို့၏ တိုးတက်မှုကို ပင် အဆုံးစွန်သော တိုးတက်မှုဟု မိုက်မဲစွာ ယူဆနေသူများ လည်းရှိနေပါသည်။ တစ်ချိန်တည်း၌ အသိဥာဏ်ပညာ မြင့်မားသည့် အနည်းငယ်မျှသော လူနည်းစုကမူ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု Worldly development နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု Spiritual development တို့၏ မညီမျှမှုဒဏ် ကို လူသားအမျုား ကြီးကျယ်ပြင်းထန်စွာ ခံစားရတော့မည်ဟု မြင်မိကာ ကမ္ဘာလောကကြီးအတွက် သနားကရုဏာဖြစ်နေကြပါ သည်။ လူသားတို့၏ ရုပ်ဝတ္ထုပစ္စည်း တီထွင်ဖန်တီးမူစွမ်းပကားကြောင့်ပင် မိမိတို့၏ အမျိုးတူ ဇာတ်တူ လူသားအများ ဒုက္ခပင်လယ်ဝေကြမည်ကို ရတက်မအေးဖြစ်နေကြရှာပါသည်။

           Dhamma School  ဆောင်ရွက်နိုင်မည့် နည်းလမ်းကား မခက်ခဲပါ။ မဝေးပါ။ မရှုပ်ထွေးလှပါဟု ပညာရှင်များက ထောက်ပြကြပါသည်။ မဝေးသည့် မခက်ခဲသည့် မရှုပ်ထွေးသည့် နည်းလမ်းကား နာမ်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး Spiritusl Development ကို အားသွန်ခွန် စိုက် ကြိုးပမ်းမှသာ ရုပ်ဝတ္ထုဖွံ့ဖြိုးမှုကို Worldly development တို့၏ ချိန်ခွင်လျှာ မညီဖြစ်နေသည့် အနေအထားကို ညီမျှခြေရှိလာ စေနိုင်ပေမည်။

              ကမ္ဘာတစ်ဝှမ်းဖြစ်နေသည့် ဤချိန်ခွင်လျှာမညီမှုဒဏ်ကို ဖွံ့ဖြိုးပြီးနိုင်ငံများသာမက မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ နိုင်ငံများ၌လည်း ယနေ့ စတင်ခံစားနေရပြီဟု ဆိုရန်ထက် ဆယ်စုနှစ်မက မသိမသာ ခံစားလာရာမှ ယနေ့ကာလ၌မူ သိသိသာသာ ခံစားနေရသည်ကို အခြေအနေအရပ်ရပ်က သက်သေခံနေပါသည်။ အထူးသဖြင့် ငယ်ရွယ်သည့် ဆယ်ကျော်သက်လူငယ်မောင်မယ်များ၏ မယဉ်ကျေးမှု မသိမ်မွေ့သည့် ကိုယ်အမူအရာ နှုတ်အမူအရာ ဝတ်စားဆင်ယဉ်မှု နေထိုင်စားသောက်မှု တို့က ယနေ့မြန်မာ့ယဉ်ကျေးမှု၏ အခြေအနေ ပြရုပ်ပင် ဖြစ်ပါသည်။ ဤအခြေအနေသည် ပဏာမနိဒါန်းပိုင်းသာ ရှိပါသေးသည်။ နည်းပညာ ဖွံ့ဖြိုးမှုနှင့် Globalization ၏ ရိုက်ခတ်မှုဒဏ် ရာနှုန်းပြည့် မပြည်သေးပါ။  တဖြည်းဖြည်း ရှေ့သို့တိုး၍ လာနေပါသည်။

                    မိမိတို့တိုင်းပြည် အမိမြန်မာနိုင်ငံတော်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များကို ပြုစုရန် အချိန်နှောင်းပြီဟူ၍ မဆိုသာပါ၊ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်အကြားကွာဟမှု Generation gap ယခုထက်မကျဲခင် ပြုပြင်ပေးနိုင်မှု အရေးတကြီးလိုအပ်လာပါသည်။

                    ပြုပြင်ရန် နည်းလမ်းကား မခက်ခဲပါ။ မရှုပ်ထွေးပါ။ မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ကို Photo July  (34)အခြေခံထားသဖြင့် ကမ္ဘာပေါ်တွင် စံပြုရလောက်အောင် သိမ်မွေ့ပါသည်။ ယနေ့လူငယ်တို့အတွက် မိဘ ဘိုးဘွားပိုင် မြန်မာ့ယဉ်ကျေးမှုအမွေကို  ပြည့်ဝကောင်း မွန်စွာ ဆက်ခံနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးနိုင်မှသာလျှင် မြန်မာနိုငံ ၏ အနာဂတ် ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များအပေါ် ယနေ့လူကြီး မိဘများက တာဝန်ကျေပွန်တော့မည် ဖြစ်ပါသည်။

No Comments Yet.

Leave a comment