ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၄၀) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၁) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ရန်ကင်းတောရ၌ ဝိပဿနာတရားစခန်းဖွင့်လှစ်ပြီ

ရန်ကင်းတောရကျောင်းတွင် ရှေးအစဉ်အလာအတိုင်း ဝိပဿနာတရားစန်း Winter retreat ကို ဒီဇင်ဘာလ(၂၀)ရက်နေ့ ညနေတွင် ဖွင့်လှစ်ခဲ့ပါသည်။ အချိန်ပြည့်ယောဂီအဖြစ် ရပ်နီးရပ်ဝေးများမှ လူငယ်နှင့် လူလတ်ပိုင်းများကို စိစစ်ကာလက်ခံထားပြီး အချိန်ပိုင်း ယောဂီမှာကျောင်းမှ သံဃာတော်များ၊ သီလရှင်ဆရာလေး များနှင့် ကျောင်းသူ ကျောင်းသားများ ဖြစ်ပါသည်။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ယနေ့ ယောဂီ စုစုပေါင်း(၃၀)ဦး တို့သည် အချိန်ပိုင်းနှင့် အချိန်ပြည့် (၁၀)ရက် တရားစခန်းဝင် အားထုတ်လျှက် ရှိပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ

No Comments Yet.

Leave a comment