ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ရန်ကင်းတောရ၏ရှေးမူမပျက် ပရိယတ် ပဋိပတ်သာသနာတော် ပြန်လည်သက်ဝင်လာ

6

ရန်ကင်းတောရကျောင်း (အပိုင်း-၅)

ထိုနှစ်နောက်ပိုင်းတွင် ရန်ကင်းတောရ၏ အနောက်ခြမ်းရှိ မြေဧကများစွာကို ရန်ကုန်မြို့မှ ဦးတင်ထွန်း+ဒေါ်လှိုင်၊ Dr.ပြုံးပြုံးဟန်၊ ဧလာမြို့မှ အင်ဂျင်နီယာမှူး ဒေါ်ခင်ယုဆွေ၊ Dr. ခင်သက်ဦး၊ Dr. မာမာသီ နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာညွန့် သပြေပင်ကျေးရွာမှ ဦးစိုးတင့်၊ ဦးကျော်မြင့်၊ ဦးကျော် နှင့် ညီ ဦးဝင်းကြည်တို့က ဆရာတော် အရှင်ခေမာနန္ဒအား ရေစက်သွန်းချ လှူဒါန်းခဲ့ကြပါသည်။
5

4
ထို့ကြောင့် သာသနာ့မြေပေါ်တွင် စက်ရေတွင်းများ တူးဖော်ခြင်း၊ ဓမ္မရုံများ၊ ယောဂီကျောင်း ဆောင်များ တစ်ပါးနေ ကျောင်းဆောင်များအပါအဝင် ရေကန်များ၊ ဆည်ဘောင်များ လမ်းများဖောက်လုပ်ကာ (၂၀၀၂) ခုနှစ်မှသည် (၂၀၀၉)ခုနှစ် ကြာသည့်တိုင်အောင် ဆရာတော်ဘဒ္ဒန္တနေမိန္ဒမဟာထေရ်နှင့် ဆရာတော် အရှင်ခေမာနန္ဒတို့ ရန်ကင်းတောရကျောင်းတွင် အလွန်ချစ်ကြည်ရင်းနှီးစွာ အတူတကွ သီတင်းသုံးတော် မူကြပြီး ရှေးရှေးမဟာထေရ်များနည်းတူ သီလဖြည့်ကျင့်တော်မူကာ ပရိယတ် ပဋိပတ်သာသနာတော်မြတ်ကို ထူထောင်တော်မူခဲ့ကြပါသည်။
3

2

ထို့နောက်(၂၀၁၀) ပြည့်နှစ်တွင်မူ သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တနေမိန္ဒမဟာထေရ်သည် ဆရာတော် ဦးခေမာနန္ဒနှင့် ကျောင်းသံဃာတော်များအား ရန်ကင်းတောရကျောင်း၏ ဂရုဘဏ်၊ လဟုဘဏ် အဝဝကို ထိန်းသိမ်းစောင့်ရှောက်ရန် စနစ်တကျ လွှဲအပ်ကာ ရန်ကင်းတောင်တော်ပေါ်မှ အခြားတောရ တစ်နေရာသို့ အပြီးတိုင် ကြွသွားတော်မူခဲ့ပါသည်။

No Comments Yet.

Leave a comment