ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ရန်ကင်းတောရနှင့် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၏ အကြောင်း

ရန်ကင်းတောရကျောင်း (အပိုင်း-၁)

ကမ္ဘာစစ်ကြီးများ မတိုင်ခင် ရှေးရှေးကာလကပင် ၀ိနည်းသီလအရာတွင် အထူး အလေးဂရုပြုတော်မူ လေ့ရှိသည့် ဝိနယဂရုက လဇ္ဇီပေသလ သိက္ခာကာမ မထေရ်မြတ်ကြီးတို့သည် ဤရန်ကင်းတောင်တော် ပေါ်တွင် သီတင်းသုံးတော်မူခဲ့ကြပါသည်။
ကောဇာသက္ကရာဇ် (၁၂၉၂)ခုနှစ်၊ ခရစ်သက္ကရာဇ် (၁၉၃၀) ခုနှစ်တွင် ဆရာတော်ဘဒ္ဒန္တကေလာသ အား သပြေပင်ကျေးရွာမှ ဒါယကာ ဦးဖိုးစိန်၊ ဒါယိကာမ ဒေါ်ခင်လေးတို့မှ မိမိတို့ပိုင် ယာမြေများကို တောရ ကျောင်းအဖြစ် လှူဒါန်းခဲ့ရာမှ ရန်ကင်းတောရကျောင်းဟူသော အမည်တွင်လာခဲ့ရာ ယခုအခါ နှစ်ပေါင်း (၈၅)နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
သာသနာတော်တွင် နေလပမာ ထင်ရှားသည့် ညောင်လွန့်တောရ ဆရာတော်ကြီး၏ ဥပနိဿယခံ တပည့်တစ်ပါး ဖြစ်တော်မူသည့် လဇ္ဇီပေသလ ဝိနယကုက္ကုစ္စ ရဟန်းတော်မြတ် ဘဒ္ဒန္တဉာဏိန္ဒထေရ်သည် (၁၉၃၁) ခုနှစ်တွင် ရန်ကင်းတောရသို့ ကြွရောက် 2

6

5

4

3သီတင်းသုံးတော်မူခဲ့ပါသည်။ (၁၉၃၈) ခုနှစ်တွင်မူ ညောင်လွန့်တောရ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တပည့်ရဟန်း သံဃာတော်များနှင့်အတူ ရန်ကင်းတောင်ပေါ်သို့ ကြွရောက်တော်မူလာပြီး ရန်ကင်းတောင် သိမ်ကို သမုဒ်ပေးတော်မူခဲ့ပါသည်။

No Comments Yet.

Leave a comment