ရန်ကင်းတောရ ပရိယတ်ပဋိပတ်ဌာနတွင် အောက်တိုဘာလ(၂၀) ရက်မှ (၃၀)ရက် တိုင်တိုင် လူလတ် နှင့် လူကြီး ၀ိပဿနာ နာတရား စခန်း အမှတ်စဉ် (၁၂၀) ကို ဖွင့်လှစ်ပါသည်။
ရန်ကင်းတောရဆရာတော်မှ တပည့်ယောဂီများအား အဖွင့်သြ၀ါဒ စကားမိန့်ကြားရာတွင် ၀ိပဿနာတရားအားထုတ်မည့် ယောဂီများ အနေဖြင့် မှန်ကန်သော အချက်အလက် data များ ကြိုတင်သိရှိထားရန် လိုအပ်ပါကြောင်း၊ ၀ိပဿနာ အားထုတ်သော ဘာသာရပ်သည် ယောဂီများအနေဖြင့် မရင်းနှီးသော ဘာသာရပ် ဖြစ်၍ ပြည့်စုံသော ဗဟုသုတရရှိမှသာ တရားတိုးတက်နိုင်မည် ဖြစ်ပါကြောင်း၊ ၄င်းဗဟု သုတများ ပြည့်စုံနိုင်ရန်မှာလည်း တရားနာမှသာ ရရှိမည် ဖြစ်ပါကြောင်း မိန့်ကြားတော် မူခဲ့ပါသည်။
မြတ်စွာဘုရား၏ အဆုံးမသြ၀ါဒနှင့်အညီ အချိန်မရွေး၊ နေရာမရွေး၊ ဣရိယာပုထ်မရွေး အားထုတ်တတ်ရန် သင်ကြားပေးတော် မူပါသည်။
ယောဂီများအနေဖြင့် သင်ကြားပေးသည့်အတိုင်း စွဲစွဲမြဲမြဲ အားထုတ် ဖြစ်ခဲ့လျှင် ဘ၀ထဲမှာ တရားနှင့်နေတတ်ပြီး ဘ၀နှင့်တရား တစ်သား တည်း ဖြစ်လာမည်ဖြစ်ပါကြောင်း၊ အားထုတ်သော တရားသည် လော ကဓံဆိုးများနှင့် ကြုံလာခဲ့လျှင် ဖြစ်ကြောမရှည်တော့ဘဲ၊ ပူဆွေး ငိုကြွေးမှုများ ဝေးကွာပြီး သောကကင်းဝေး နေထိုင်နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယောဂီများ မဂ္ဂင်ရှစ်ပါး မြတ်တရား၏ လမ်းကြောင်း အမှန်ကို လျှောက်လှမ်းတတ်သည့်အထိ ဆရာတော်အနေဖြင့် ဆရာ့ တာဝန် ကျေပြွန်သည်အထိ ကြိုးစားသင်ကြား ပေးသွားမည်ဖြစ်ရာ ယောဂီများအနေဖြင့်လည်း တပည့်တာဝန် ကျေပြွန်စွာ ကြိုးစားကြရန် မိန့်ကြားတော်မူပါသည်။