နေပြည်တော်မြို့တော်ဝန်က ရန်ကင်းတောရဆရာတော်အား (၁၃၊၃၊၂၀၁၆) ရက်နေ့တွင် ရန်အောင်မြင်တောရကျောင်းကို လှူဒါန်းခဲ့ပါသည်။ မြို့တော်ဝန်ကျောင်းသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ သံတမန် ဇုန်နှင့် ရတနာမဉ္စူလမ်း၌ တည်ရှိပါသည်။ မြို့တော်ဝန်လှူဒါန်းသည့်ကျောင်း ဖြစ်သဖြင့် မြို့တော်ဝန်ကျောင်းဟူ၍လည်း ခေါ်ကြပါသည်။ ဤကျောင်းတွင် ဆရာတော်တစ်ပါးတည်း ကပ္ပိယတစ်ဦးဖြင့် သီတင်းသုံးတော်မူသည့် ကျောင်းဖြစ်ပါသည်။
ဤကျောင်း၌ သိမ်မရှိသေးသဖြင့် နိုင်ငံတော်အစိုးရထံ လျှောက်ထားခဲ့ရာ (၁၃၊၁၂၊၂၀၁၆)ရက်နေ့က ၀ိသုံဂါမသိမ်မိန့် ချမှတ်ပေးခဲ့ပြီးဖြစ်ပါသည်။ သို့သော် မြို့တော်ဝန်ကျောင်းဝင်း၌ ၀ိသုံဂါမသိမ်ကို တစ်ဦးတည်းကောင်းမှု ဖြင့် ဆောက်လုပ်ခွင့်မပြုဘဲ အများကောင်းမှုဖြင့်သာ ဆောက်လုပ်သင့် ကြောင်း သြ၀ါဒပြုတော်မူထားပါသည်။
ထို့ကြောင့်သိမ်ဆောက်မည့် မြေနေရာပေါ်တွင် သံဃာတော်များက ဇန္န၀ါရီလ(၁၀)ရက်နေ့မှစတင်ကာ သိမ်နှုတ်ကမ္မ၀ါစာဖြင့် သိမ်နှုတ်တော်မူ နေကြပါသည်။
ရန်အောင်မြင်တောရကျောင်းတွင် ဆောက်လုပ်မည့်သိမ်ပုံကို အောက်ပါ အတိုင်း တွေ့ရပါသည်။