ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၅၀)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ ၂၀၁၉ခုနှစ်ဖေဖော်ဝါရီလ(၂၂)ရက်၊ သာကြာနေ့မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲ ရှိပါသဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားဦးရေကို ကန့်သတ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

လူငယ်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၂၀/၂၀၁၅)ကိုဖွင့်လှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန ရန်ကင်းတောရတွင် လူငယ်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၂၀/၂၀၁၅)ကို ဧပြီလ(၅)ရက်နေ့တွင် စတင်သင်ကြားပို့ချ လျှက်ရှိပါသည်။ ဤသင်တန်းကို မိတ္ထီလာကောလိပ်မှ ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၄၃)ဦး စုစုပေါင်း (၈၃)ဦးတက်ရောက်သင်ကြားလျှက်ရှိပါသည်။

No Comments Yet.

Leave a comment