ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

လူငယ်များအတွက်သိမှတ်ဖွယ်ရာများ ဟောကြားသည့်အခမ်းအနား

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန၏ သင်တန်းခန်းမ၌ နေပြည်တော်လယ်ဝေးမြို့နယ်မှ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အဋ္ဌမတန်း၊ န၀မတန်းနှင့် ဒသမတန်းတို့တွင် တက်ရောက်ပညာသင်ကြား နေကြသည့် ကျောင်းသား ကျောင်းသူ (၇၀၀)ကျော်တို့ကို အောက်တိုဘာလ (၁၀)ရက်နေ့ ညနေ (၀၃း၀၀)နာရီ အချိန် တွင် လူငယ်များအတွက် သိမှတ်ဖွယ်ရာအဖြာဖြာကိုဟောပြောပို့ချသည့် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓ ဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့အတွင်းရေးမှူး(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ ရန်ကင်းတောရကျောင်းဆရာတော်က (၁) Facebook ၏ကောင်းကျိုးဆိုးပြစ်များ (၂) Food security (၃) Tattoo (၄) WEEE (Waste Electrical and Electronic Equipment)နှင့်(၅) Environment သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာသည့် အကြောင်းအရာများကို Project များဖြင့် လက်တွေ့ ရှင်းလင်း ပြသခဲ့ပါသည်။
ထို့နောက် ဆရာတော်မှ ကျောင်းသား ကျောင်းသူများအား ကိုယ်ကျင့်သိက္ခာကောင်းမွန်ရန် အရေးကြီးကြောင်းကိုမိန့်တော်မူပြီးနောက် ပစ္စည်းဥစ္စာ မပြည့်စုံခြင်းကို ကိုယ်ကျင့် သိက္ခာက ကာကွယ် စောင့်ရှောက်ပေးနိုင်သော်လည်း ကိုယ်ကျင့်သိက္ခာပျက်ပြားခြင်းကိုမူု ပစ္စည်းဥစ္စာက ကာကွယ် စောင့်ရှောက်မပေးနိုင်ကြောင်းတို့ကို မှတ်သားဖွယ်ရာအဖြစ် သြဝါဒစကား မိန့်ကြားတော်မူခဲ့ပါသည်။

No Comments Yet.

Leave a comment