ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၁)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော်ေ (135)ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာနတွင် ကျင်းပပြုလုပ်လျှက်ရှိသော နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁၅/၂၀၁၅)အား (၂၀၁၅)ခု ဇူလိုင်လ (၁၂)ရက်နေ့ နေ့လည်(၁)နာရီတွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

No Comments Yet.

Leave a comment