ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၅၀)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ ၂၀၁၉ခုနှစ်ဖေဖော်ဝါရီလ(၂၂)ရက်၊ သာကြာနေ့မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲ ရှိပါသဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားဦးရေကို ကန့်သတ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

သင်တန်းဆင်းပွဲ အခမ်းအနား

IMG_1307

IMG_1309

IMG_1305

IMG_1303

IMG_1297

IMG_1277
နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၁၉/၂၀၁၆) ဆင်းပွဲကို ဇန်နဝါရီလ (၁၆)ရက်နေ့ နေ့လည် (၁၂း၃၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းဆင်းပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး(၁)ဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြဝါဒါစရိယ ရန်ကင်းတောရ ဆရာတော်မှ သြဝါဒစကား မိန့်ကြားတော်မူခဲ့ပါသည်။
ထို့နောက် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန သင်တန်းမှူးယာယီတာဝန်ခံ ကျောင်းအုပ် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း) ဒေါ်ခင်လင်းမှ သင်တန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် တင်ပြပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်၊ သာယာဝှမ်းကျေးရွာမှ သင်တန်းသူ ဒေါ်မြင့်မြင့်စန်း (ကသ-၃၇) က ကျေးဇူးတင်စကား လျှောက်ထားခဲ့ပါသည်။
ဆက်လက်သက်ဆိုင်ရာဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး ဆင်းပွဲ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

No Comments Yet.

Leave a comment